အမျိုးသမီး တို့လွဲနေသော ဆံပင်အလှူ

Knowledge Lifestyle
Spread the love

အရှင်ဘုရား၊ တပည့်တော်မသည် ဆံပင်ရှည်များကို ဘုရားမှာလှူမည်ဟု ဆုံးဖြတ်ပြီး အရှည်ထားပါသည်။

ယခု ဆံပင်ရှည်၍ ဖြတ်ပြီးလှူမည်လုပ်ရာ အချို့က ဆွပင်အတိုင်း မလှူကောင်း ရောင်၍၊ သို့မဟုတ်-

ဘုန်းကြီးသုံး ယပ်လုပ်၍ လှူရသည်ဟု ပြောပါသည်။ မည်သို့လှူသင့်သည်ကို ဖြေကြားပေးပါရန် လျှောက်ထားပါသည်ဘုရား။

( အေးငြိမ်းမိုး-ပန်းတောင်းမြို့ )

( ဖြေ ) ဆံပင်မှာ မိမိခန္ဓာကိုယ်မှ ပေါက်ရောက်သော အရာဝတ္ထုဖြစ်ကာ အမွေး-ခြေသည်း-လက်သည်း-သွား-အရေပြား-တို့နှင့်အတူ

တစပဥစကအဝင် ဇေဂုစ္ဆ-သဘောတရားဖြစ်၍ သူတော်ကောင်းတို့ စက်ဆုပ်အပ်သော အရာဝတ္ထုပင်ဖြစ်ပါသည်။

အမျိုးသမီးတို့အဖို့ အမွန်အမြတ်ဖြစ်သော်လည်း ရတနာသုံးပါး၌ ဆံပင်အတိုင်း ဆွဲချိန်လှူဒါန်း၍လည်း တင့်တယ်မှုမရှိပါ။

လူ့ဆံပင်ကို ယပ်စသည်လုပ်၍ လှူဒါန်းရိုးလည်း မရှိပါ။ မြတ်စွာဘုရားလက်ထက်က ဆံပင်ကောင်းသော

အမျိုးသမီးတဦး ဆံပင်ကိုဖြတ်၍ ရောင်ချရရှိသည့်ငွေဖြင့် အရှင်ကစ္စာယန-စသော ရဟန္တာရှစ်ပါးအား ဆွမ်းချက်လှူဒါန်း၍

ဒိဋ္ဌဓမ္မအကျိုးပေးသဖြင့် မိဖုရားဖြစ်သွားသော ဝတ္ထုတခုကို ထောက်၍ ဆံပင်ကို ရောင်းချလျက် အခြားအကျိုးဖြစ်မည့်

အလှူတခုခု လှူဒါန်းခြင်းသာ အကောင်းဆုံးဖြစ်ကြောင်း ဖြေကြားလိုပါသည်…။

Credit: ဆရာတော်ရဝေထွန်း(အရှင်တိလောကသာရ)