အမွန်မြတ်ဆုံးသော မိဘကျေးဇူးဆပ်နည်း (၄)မျိုး

Knowledge
Spread the love

မိဘကျေးဇူးကို ဆပ်သောသူများသည် ယခုဘ၀မှာလည်း မဆင်းရဲသလို သံသရာတစ်လျောက်လုံး ဆင်းရဲခြင်းကင်းပြီး ချမ်းသာမည်မှာ အမှန်ပင်ဖြစ်ပေသည်။လူ့လောကကိုရောက်အောင် အသက်စွန့်ပြီး မွေးထုတ်ပေးခဲ့သော

မွေးမိခင်နှင့် လောကအလယ်မှာ လူတန်းစေ့နေနိုင်အောင် ရှာဖွေကျွေးမွေး ခဲ့သော ဖခင် တို့သည် ကျေးဇူးတရား ကြီးမားလှသောကြောင့် ကျေးဇူးတရားကို မဖြစ်မနေပြန်ပြီး ဆပ်သင့်ပါတယ်နော်။

တချို့ကျ အမေက ကို့အပေါ်မှာတာ၀န်မကျေဘူး ၊ အဖေက ကို့အပေါ်မှာ တန်၀န်မကျေဘူးဆိုပြီး မပြစ်မှားမိစေနဲ့ ။

ပြစ်မှားမိရင် ကံကြီးထိုက်မယ့်သူက ကိုပဲဖြစ်နေလို့ပါ ။လူ့လောကရောက်အောင် မွေးပေးခဲ့တာကိုပဲ ကျေးဇူးကြီးမားလှတယ်ဆိုပြီး နှလုံးသွင်းမှန်အောင် အတက်နိုင်ဆုံး ထားကြပါ။

မိဘကျေးဇူးကို အမျိုးမျိုးသော နည်းလမ်းများဖြင့် အတက်နိုင်ဆုံး ကျေးဇူးဆပ်နေကြတဲ့ သူတွေလည်း အများသားပါပဲ။ အခုပြောပြပေးမယ့် မိဘကျေးဇူးဆပ်နည်း (၄)မျိုး က ကို့ရဲ့ မိဘကို နောင်သံသရာဘ၀များစွာ အထိ ကျေးဇူးဆပ်ရာရောက်ပါလိမ့်မယ် ။

(၁)သဒ္ဓါတရားမရှိသော မိဘကို သဒ္ဓါတရားပြည့်စုံအောင် ပြုလုပ်ပေး၍ ကျေးဇူးဆပ်ခြင်း

ကို့ရဲ့ မိဘက သဒ္ဓါတရား မရှိဘူး ၊ သဒ္ဓါတရားနည်းပါးပြီး နှမြောတွန့်တိုပြီး မလှူရက် မတန်းရက် ဖြစ်နေရင် သဒ္ဓါတရား ထက်သန်လာအောင် ၊ လှူချင်တန်းချင်လာအောင် နှိုးဆော်တိုက်တွန်းပေးသင့်ပါတယ် ။

မိဘတွေ ဆုံးပါးသွားတဲ့အခါ စုဆောင်းသိမ်းဆည်းထားတဲ့ ပစ္စည်းတွေဟာ အကုန်ထားရစ်ခဲ့ရမှာဖြစ်ပြီး လှူဒါန်းစွန့်ကြဲထားသော ဒါနကုသိုလ်များသာ ပါသွားမှာဖြစ်သောကြောင့် မဖြစ်မနေ လှူဒါန်းပေးကမ်းနိုင်အောင် နှိုးဆော်တိုက်တွန်း ၍ ကျေးဇူးဆပ်သင့်ပါတယ်။

(၂)သီလတရားမရှိသော မိဘကို သီလတရားပြည့်စုံအောင် ပြုလုပ်ပေး ၍ ကျေးဇူးဆပ်ခြင်း

ကို့ရဲ့ မိဘက သီလတရားမရှိဘူး သီလတရားကို ခါး၀တ်ပုဆိုးကဲ့သို့ မြဲနေအောင် မ၀တ်ဆင်နိုင်ဘူးဆိုရင် သီလတရားရှိလာအောင် ၊မြဲလာအောင် တိုက်တွန်းပါ ။

သီလရှိခြင်း ၊မရှိခြင်းရဲ့ အကျိုး ၊အပြစ်တွေကို ပြောပြပြီး သီလတရားရှိလာအောင် ပြုလုပ်ပေးခြင်းဖြင့် နောင်သံသရာထိ မိဘကိုချစ်သော သားသမီးများအဖြစ် ကျေးဇူးဆပ်ပေးပါ။

(၃) ပညာမရှိသော မိဘကို ပညာပြည့်စုံအောင် ပြုလုပ်ပေးခြင်းဖြင့် ကျေးဇူးဆပ်ခြင်း

တချို့သော မိဘတွေက သူတို့လက်ထပ်မှာ ပညာမရှာခဲ့နိုင်လို့ ကို့ရဲ့ သားသမီးများကို ပညာအမွေပေးကြတယ် ။ရုန်းကန်လှုပ်ရှားရင်း အချိန်တွေကုန်ခဲ့ပေမယ့် သူတို့သားသမီးကိုသာ ပညာတွေ ပေးနိုင်ခဲ့ပြီး သူတို့ကိုယ်တိုင်ကျ ပညာမရခဲ့ရရှာဘူး။

အကယ် ၍ ကို့မှာ အခုလို ပညာမပြည့်စုံတဲ့ မိဘတွေရှိရင် အကျိုးအကြောင်း ၊ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်တဲ့ ပညာများကို ကို့မိဘတွေဆီမှာ ရှိလာအောင် ပြုလုပ်ပေးခြင်းဖြင့် ကျေးဇူးဆပ်သင့်ပါတယ်။

(၄)တရား ဘာ၀နာ များကို အားမထုတ်သော မိဘကို အားထုတ်လာအောင် ပြုလုပ်ပေးခြင်းဖြင့် ကျေးဇူးဆပ်ခြင်း

တရား ဘာ၀နာများကို အားမထုတ်တဲ့ မိဘများကို အားထုတ်လာအောင် တိုက်တွန်းပါ ။ ဗုဒ္ဓရဲ့ ဓမ္မတရားတွေနဲ့ ရင်းနှီးလာအောင် ပြုလုပ်ပေးပါ ။ ဘုရားကျောင်းကန်များဆီသို့ မကြာခနဆိုသလို ပို့ပေးနိုင်ရင် ပို့ပေးပါ။

တရား ဘာ၀နာများနဲ့ ရင်းနှီးလာပြီး တန်ဖိုးသိလာပြီး အားထုတ်လာပြီဆိုရင် မိဘတွေကို နောင်သံသနာများစွာအထိ ကျေးဇူးဆပ်ရာရောက်ပြီလို့ အကြွင်းမဲ့မှတ်ယူလို့ရပါပြီ။

ယခုစာဖတ်နေကြတဲ့ စာဖတ်သူတွေလည်း နောင်သံသရာများစွာအထိ မိဘကျေးဇူးဆပ်နိုင်သော အမျိုးသားကောင်း အမျိုးသမီးကောင်းများ ဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။