အရသာအရမ်းကောင်းတဲ့ သရက်ယိုထိုးနည်း

Knowledge
Spread the love

မေ့ရဲ့ သရက်ယိိုထိုးနည်းလေး မျှဝေပေးပါမယ်ရှင် ✌

ပါဝင် ပစ္စည်း

မချစ်စု သရက်သီး – ၄လုံး

သကြား -၅ဝသား

ဆား -အနည်းငယ်

ကွွမ်းစားထုံး – ထမင်းစားဇွန်း ၂ဇွန်း

မဆလာ – ၁ဇွွန်း

ငရုတ်သီးမှုန့်/အရောင်တင်မှုန့် – လဘက်ဇွန်း ၁ ဇွန််း

ပြင်ဆင်ပုံ


ပြုလုပ်နည်း

ယိိုထိုးမဲ့အိုးထဲကို သကြားနယ်ထားသော သရက်သီးတွေထည့်ပါ။မီးပူလာသည်နှင့််အမျှ သကြားတွေ အရည်ပျော်လာပါလိိမ့်မယ် မွှေပေးနေပါရှင်။’မေ’ထည့်တဲ့သကြားအချိုးစားအတိုင်းဆို ပုံထဲကလို ခပ်ခြောက်ခြောက်လေးပါနော်။

အရမ်းလဲမချိုပါဘူး။ရွှဲရွှဲချိုချိုကြိုက်တဲဲ့သူက ၁ဝသားလောက် ပိုကဲထည့်နိိုင်ပါတယ်ရှင်။သကြားရည်် ပျစ်လာပြီး ညောင်စေးလဲကျပြီ သရက်သီးအဖတ်လေးတွေလဲ ကြည်လာပြီဆိုရင် မဆလာ ထည့်ပါ။

အစပ်လေးစားချင်ပါက ငရုတ်သီးမှုန့်သော်လည်းကောင်း အရောင်တင်မှုန့် သော်လည်းကောင်း ထည့်နိိုင်ပါတယ်နော်။သမအောင်မွှေပြီးရင် ချလို့ရပါပြီရှင်။

ကဲ…ဒီလို်ဆို လုပ်ရလွယ်ပြီး ကလေး လူကြီး မရွေးစားလို့ရတဲ့ ဆေးသကြားမပါ ဓာတုဆိုးဆေးမပါတဲ့ သရက်ယိုလေး ရပါပြီနော််…

My food