အရေပြားပေါ်မှာ စွဲနေတဲ့အမာရွတ် ၊အမည်းစက်တွေ ပျောက်စေမယ့် အိမ်တွင်းနည်းလမ်း (၄)မျိုး
အရေပြားအပေါ်ယံလွှာမှာ မယ်လနင်ထုတ်လုပ်မှု ပုံမှန်ထက်ပိုများလာတဲ့အခါ အသားအရေမှာ အမည်းစက်တွေဖြစ်လာပြီး အကြောင်းအမျိုးမျိုးကြောင့်
မယ်လနင်ထုတ်လုပ်မှုများတာ ရေရှည်ဖြစ်လာတဲ့အခါ အမည်းစက်ထက် ပိုဆိုးတဲ့အမည်းကွက်တွေဖြစ်လာကာ လွယ်လွယ်နဲ့မပျောက်တော့ပါဘူး။
ပြီးတော့ ဝက်ခြံ၊ အပူဖု စတာတွေကို ညှစ်မိလို့ အရေပြားပေါ်မှာ ဒဏ်ဖြစ်သွားပြီး မပျောက်တော့တဲ့ အမာရွတ်မျိုးဖြစ်သွားပါတော့တယ်။
အဲ့ဒီလိုမျိုး အမြဲဖြစ်နေတဲ့ အမာရွတ်အမည်းစက်တွေကို အချိန်တိုအတွင်းပျောက်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။
၁။ ၾကက္သြန္နီ
ကြက်သွန်နီကို ထက်ခြမ်းခြမ်းကာ စွဲမြဲနေပြီး မပျောက်တော့တဲ့ အမာရွတ်၊ အမည်းစက်တွေပေါ်ကနေ ပွတ်တိုက်ပေးကာ
ဆယ်မိနစ်လောက်ကြာရင် ရေနွေးလေးနဲ့ပြန်ဆေးချပေးလိုက်ပါ။ အဲ့ဒီနည်းလေးကို နေ့တိုင်းလုပ်ပေးလိုက်ရင် အမာရွတ်တွေ၊ အမည်းစက်တွေကိုလုံးဝပျောက်ကင်းသွားစေပါလိမ့်မယ်။
၂။သေဘၤာသီး
သင်္ဘောသီးကို အစိပ်လေးတွေစိပ်ပြီး ရေခဲသေတ္တာထဲမှာခဲတဲ့အထိ ထည့်ပေးထားလိုက်ကာ အဲ့ဒီအခဲလေးတွေနဲ့ အမည်းစက်၊ အမာရွတ်တွေပေါ်ကို မိနစ်အနည်းငယ်ပွတ်တိုက်ပေးကာ
ရေအေးနဲ့ဆေးချပေးပါ။ နေ့တိုင်းလုပ်ပေးလိုက်ရင် တစ်လလောက်ကြာတဲ့အခါ သိသိသာသာပြောင်းလဲသွားတာကိုတွေ့ရပါလိမ့်မယ်။
၃။အာလူး
အာလူးကို ထက်ခြမ်းခြမ်းပြီး အမည်းစက်တွေပေါ်ကို ဆယ့်ငါးမိနစ်လောက် တိုက်ရိုက်ပွတ်တိုက်ပေးပြီးခြောက်သွားတဲ့အထိထားလိုက်ပါ။
ရေအေးနဲ့မျက်နှာသစ်ပေးပြီး အစိုဓာတ်ဖြည့်ခရင်မ်လေး လိမ်းပေးလိုက်ပါ။ ဒါဆို အမည်းစက်၊အမာရွတ်တွေ အချိန်တိုအတွင်း လုံးဝသက်သာလာပါလိမ့်မယ်။
၄။ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်နဲ့ရေကိုဆတူရောပြီး ရေခဲတဲ့ခွက်လေးတွေထဲ ထည့်ပြီး ခဲအောင်ထားပါ။
အဝတ်ပါးလေးထဲကို အဲ့ဒီရေခဲတုံးလေးတွေကို ထည့်ပြီး အမာရွတ်တွေရှိတဲ့နေရာမှာ ဖြည်းဖြည်းချင်းပွတ်တိုက်ပေးပါ။
၁၅ မိနစ်လောက်ပွတ်တိုက်ပေးပြီး ငါးမိနစ်လောက် ဒီတိုင်းထားပေးလိုက်ပြီး ရေအေးလေးနဲ့မျက်နှာသစ်ပေးလိုက်ပါ။
အိပ်ရာဝင်ခါနီးတိုင်းလုပ်ပေးသွားရင် ၄ ပတ်အတွင်း လုံးဝဖြူဝင်းလာပါလိမ့်မယ်။