အလကားရမည့် ကမ်းလှမ်းချက်တွေကို ရှောင်ပါ…

Knowledge
Spread the love

လူတစ်ယောက် သည် တိရစ္ဆာန် ဥယျာဉ် နှင့် တွဲလျက် ပျော် ရွှင် စရာ နေရာ တစ်ခု ကို တည်ထောင် ဖွင့်လှစ် လိုက် သည်။

သူသည် တိရစ္ဆာန် ဥယျာဉ် ဝင်ကြေး ကို ၅၀၀၀ ကျပ် ဟု သတ် မှတ် လိုက်သည်။ သို့သော် မည် သူ မျှ မလာ ကြပေ။

ထို အ ခါ ဝင်ကြေး ကို ၄၀၀၀ ကျပ် ဟု လျှော့ချ သတ်မှတ် လိုက်သည်။ မည်သူမျှ မလာကြ သေးပေ။

သည်တစ်ခါတော့ ဝင်ကြေး ကို ၂၀၀၀ ကျပ်ဟု ဈေးလျှော့ လိုက်ပြန်သည်။ ထိုနည်း၎င်းပင် သူ၏ တိရစ္ဆာန် ဥယျာဉ်အား လာမည့် ဧည့်သည် မ ရှိပေ။

ဤ တွင် ထိုလူသည် ဝင်ကြေးအား အခမဲ့ ဟု ကြေငြာ လိုက်ရာ သူ၏ တိရစ္ဆာန် ဥယျာဉ်အပြည့် လူများ လာရောက် လည်ပတ်ကြသည်။

ထို အ ခါ ထို လူသည် သူ၏ တိရစ္ဆာန် ဥယျာဉ် အဝင် တံခါးအား တိတ်တဆိတ် သော့ခတ်လိုက် လေတော့သည်။

ထို ့နောက် ခြင်္သေ့ များ ထားသော ရုံကို တံခါး ဖွင့်ပေးလိုက်ပြီးနောက် …ထွက်ပေါက်တွင် စာကပ်ထားလိုက်သည်။ ” အထွက် ကြေး = ကျပ် ၁၅၀၀၀၀”

ထိုအခါတော့ အတွင်း မှ လူများသည် ငွေ ကို လျောလျော ရှူ ရှူ နှင့် ပေး၍ ထွက်သွားကြလေသည်။

( ဘဝမှာ အလကားရမည့် ကမ်းလှမ်းချက်များသည်… တစ်ချိန် တွင် ဒုက္ခ တွေ့နိုင် သည်။)

crd