“အသက်ရှည်လိုလျှင် (ဂျင်း) ကို မြိုပါ …” တိဗက်ဆရာတော်တစ်ပါး၏ နည်းလေးပါ

Knowledge
Spread the love

“အသက်ရှည်လိုလျှင် (ဂျင်း) ကို မြိုပါ …” တိဗက်ဆရာတော်တစ်ပါး၏ နည်းလေးပါ
မြန်မာနိုင်ငံမှ ဆရာဝန်တစ်ဦး တိဗက်နိုင်ငံကို အလည်အပတ် ရောက်သွားခဲ့ပါတယ်။
မိတ်ဆွေ တစ်ယောက်၏ ညွှန်ကြားမှုဖြင့် တောင်ပေါ်ရွာ လေးတစ်ရွာ၏ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှာ တည်းခိုခွင့် ရခဲ့ ပါတယ်။

ထိုဘုန်းကြီးတော်ကြီးကျောင်း၏ ကျောင်းထိုင် ဆရာတော် လက်ထောက် ဆရာတော်တို့မှာ အင်္ဂလိပ် စကားကို
အတော်အသင့်ပြော နိုင်ကြရကား ယင်းဆရာဝန်အတွက်လွန်စွာ အဆင်ပြေချောမွေ့ လှပေသည်။
ဧည့်ခံလိုက်သည်မှာလည်း အားနာစရာပင် ကောင်းပေ တော့သည်။

၂ ရက်မျှ တည်းခိုအပြီး ဆရာ ဝန်မှ မိမိတွေ့ခဲ့သည့် ထူးခြားမှု ကို ကျောင်းထိုင် မေးမြန်း လျှောက်ထားလိုက်သည်။

” အရှင် ဘုရား..တပည့်တော် သိလို သမျှလေး မေးခွင့် ပြုပါဘုရား” ” မေးပါ ဒကာ.. မေးပါ.. အားနာစရာ မလိုပါ”

ထိုအခါ ဆရာဝန်မှ… ” အရှင် ဘုရားတို့ ကျောင်းမှာ ရဟန်းတော်များ အားလုံး အသက်လွန်စွာ ရှည်နေကြသည်ကို တွေ့ရပါသည် ဘုရား…

ဟိုမှာထင်းခွဲနေသည့် ကိုယ်တော်… အသက်၈၅ နှစ်၊ ရေခပ် ရေထမ်းနေသည့် ကိုယ်တော်က ၉၁ နှစ် ထင်းစည်း အကြီးကြီးကို
ထမ်းပိုးနေတဲ့ကိုယ်တော်က.. ၈၇နှစ် ဘယ်လိုအကြောင်းကြောင့်များ ဤမျှ အသက်ရှည်ရသည်ကို တပည့်တော်အား မိန့်စေလိုပါသည် ဘုရား…”

” အိမ်း မိန့်ရတာပေါ့ ဒကာ..အခု ကျုပ်အသက်ဆို ၁၂၁ နှစ် ဘေးက လက်ထောက် ဘုန်းဘုန်း ဆို… ၁၁၅ နှစ်..
ဒီအသက်အရွယ်ထိ ဆေးရုံ ဆေးခန်းဆိုတာ ဘာမှန်းမသိ..

အဲသည်ဟာ ဘာကြောင့်လဲဆိုတော့.မောင် ရင် တို့အသားဟင်းချက် ရင် ထု ထောင်းပြီးထည့်တဲ့ ဂျင်းကို သိလား.
အဲသဟာကို က လေးဘဝထဲက နေ့စဉ်စားသုံးခြင်းကြောင့်ဘဲ ဒကာ။

မောင်ရင်တို့ ဈေးကြီးပေးပြီး ဝယ်စားနေတဲ့ ဂျင်စင်းမြစ် ထက် အများကြီး ပိုကောင်းတယ်ဆို တာ လူတွေမသိကြတာပါ။

ဂျင်း လက်တစ်ဆစ်ကို ဘုန်း၂ တို့ကတော့ အာရုံဆွမ်း စားပြီးတာနဲ့ တန်းစား လိုက်တာဘဲ..။
မောင်ရင်လည်း ဒီအကြောင်း ကိုယ့်နိုင်ငံ ရောက်ရင် များ၂ဖြန့်ဝေပါ”။

ကဲ.. မိမိတွင် ဖြစ်ပွားနေသည့်ရောဂါများ လျာ့ပါးသက်သာ စေရန်လည်းကောင်း..
မိမိ၏ ရောက်နေသည့် အသက်မှ နောက်ထပ် နှစ်၂၀ ခန့် ဆွဲဆန့်နိုင်ရန် လည်းကောင်း ဂျင်းလက်တစ်ဆစ် နေ့စဉ်ဝါးစားပါ။
Credit

Leave a Reply