အသားညိုသူတွေအတွက် အသားအရေ ကြည်လင်စေမယ့် ပေါင်းတင်နည်း ၅ ခု
အသားဖြူသူပဲဖြစ်ဖြစ်၊ အသားညိုသူပဲဖြစ်ဖြစ် မျက်နှာ အသားအရေ ကြည်လင် ဝင်းပနေခြင်းဟာ မိတ်ကပ်လိမ်း ပြင်ဆင်ခြယ်သထားခြင်းထက် ပိုပြီး ဆွဲဆောင်မှု ရှိပါတယ်။
အသားညိုသူတွေအနေနဲ့ အသားညိုတာကို ဖြူစင်ဝင်းပအောင် ပြုလုပ်ခြင်းထက် အသားအရေ ကြည်လင်တောက်ပအောင် ထိန်းသိမ်းခြင်းက ဆွဲဆောင်မှု ပိုမိုရှိစေပါတယ်။
ဒါကြောင့်မို့လို့ အသားညိုသူတွေအတွက် အလွယ်တကူ ပြုလုပ်နိုင်မယ့် မျက်နှာပေါင်းတင်နည်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) နနွင်း၊ ပျားရည်နဲ့ သံပုရာ ပေါင်းတင်နည်း
နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည် လက်ဖက်ရည် ၁ ဇွန်းနဲ့ သံပုရာရည် အနည်းငယ်တို့ကို ရောစပ်ထားတဲ့ အနှစ်ကို မျက်နှာအနှံ့ လိမ်းကျံပေးပြီး မိနစ် ၂၀ ခန့်ထားကာ ရေနဲ့ ပြန်လည်ဆေးကြောပေးရမှာ ဖြစ်ပါတယ်။
နနွင်းဟာ အသားအရေကို ကြည်လင်စေပြီး အမည်းစက်၊ အမာရွတ်တွေကို မှေးမှိန်စေတာကြောင့် အသားအရေကို ကြည်လင်တောက်ပစေမှာ ဖြစ်ပါတယ်။
(၂) အာလူးနဲ့ ပေါင်းတင်နည်း
အာလူးဟာဆိုရင်လည်း အမည်းစက်နဲ့ အသားအရေ မညီညာခြင်းကို ပျောက်ကင်းစေနိုင်တာကြောင့် အာလူးကို ပါးပါးလှီးပြီး မျက်နှာပေါ်မှာ ကပ်ပေးနိုင်ပါတယ်။ ဒီနည်းလမ်းကို ပုံမှန်ပြုလုပ်ပေးခြင်းဟာ အသားအရေကို သိသိသာသာ ကြည်လင်လာစေနိုင်မှာ ဖြစ်ပါတယ်။
(၃) ခရမ်းချဉ်သီးနဲ့ ပျားရည် ပေါင်းတင်နည်း
ခရမ်းချဉ်သီးတလုံးကို ကြိတ်ချေပြီး ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရောစပ်ထားတဲ့ အနှစ်ကို မျက်နာပေါ်လိမ်းကျံပေးပါ။ မိနစ် ၂၀ ခန့်ထားပြီး ရေအေးအေးနဲ့ မျက်နှာပြန်သစ်ပေးရမှာ ဖြစ်ပါတယ်။
(၄) နွားနို့နဲ့ နနွင်း ပေါင်းတင်နည်း
နွားနို့၊ နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည်နဲ့ သံပုရာရည် အနည်းငယ်တို့ ရောစပ်ထားတဲ့ အနှစ်ကို မျက်နှာပေါ် လိမ်းကျံပေးပြီး မိနစ် ၂၀ ခန့်ထားကာ ရေခပ်နွေးနွေးနဲ့ ပြန်လည် ဆေးကြောပေးရမှာ ဖြစ်ပါတယ်။
(၅) ပျားရည်နဲ့ သံပုရာပေါင်းတင်နည်း
ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာကို သံပုရာရည် အနည်းငယ်နဲ့ ရောစပ်ကာ မျက်နှာအနှံ့ လိမ်းကျံပေးပြီး ၁၅ မိနစ်ခန့် ထားပေးပါ။ ပြီးရင်တော့ ရေအေးအေးနဲ့ မျက်နှာသစ်ပေးပါ။
ဒီပေါင်းတင်နည်းဟာ အသားအရေကို ကြည်လင်ဝင်းပစေပြီး ဝက်ခြံနဲ့ အမာရွတ်တွေကို မှေးမှိန် ပျောက်ကွယ်စေနိုင်ပါတယ်။
စာဖတ်သူမိဘပြည်သူများအနေဖြင့် ကျွန်တော်တို့တင်ပြပေးထားသည်ကိုဖတ်၍ ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်း ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်
ဟယ်လ်သင်