အသားလှုပ်နိမိတ် အဟောများ
၁။ ဦးခေါင်းအရှေ့ပိုင်း ။ ။ မျှော်လင့်ထားသော ကြံစည်ထားသော ကိစ္စရပ်များ အောင်မြင်ပြီး မြောက်စေခြင်း
၂။ နောက်ပိုင်း ။ ။ ကောင်းသာခရီး ပျော်ရွှင်စရာခရီး သွားလာရခြင်
း၃။ နဖူးပြင်အလယ် ။ ။ ငွေကုန်ကြေး ကျများခြင်း ရင်းနှီးမတည်ငွေဆုံးရှုံး ရခြင်း
၄။ လင်္ကျာနဖူး ။ ။ ရုတ်တရက်ခရီးထွက်ရခြင်း
၅။ လက်ဝဲနဖူး ။ ။ မျှော်လင့်ချက်များ ပြည့်စုံအောင်မြင်ခြင်း
၆။ လင်္ကျာမျက်ခုံး ။ ။ ဥစ္စာစီးပွါးငွေကြေးရရှိခြင်း
၇။ လက်ဝဲ ။ ။ ငယ်ရွယ်သူတို့ရောက်ရှိလာခြင်း ပူပန်ရခြင်း ကိုယ်ဝန်ဆောင်များ သားသမီးရမည့် လက္ခဏာဖြစ်ခြင်း
၈။ မျက်ခုံးအလယ်ဗဟို ။ ။ ချစ်သူတွေ့ရှိခြင်း ခင်မင်သူတို့ရောက်လာခြင်း
၉။ နှာခေါင်းရင်း ။ ။ ချစ်သူနှင့်၎င်း ဖနီးသားသမီးနှင့်၎င်း ချစ်ခင်သူူူူူူူူူူူူူူူူူူူူမိတ်ဆွေနှင့်၎င်း ခွဲခွါရခြင်း
၁၀။ လင်္ကျာမျက်ခုံး ။ ။ မျော်လင့်ချက်များ ပြည့်စုံစေခြင်း
၁၁။ လက်ဝဲ ။ ။ ပူပင်သောကဖြစ်ရခြင်း ချစ်သူ(သို့)ဇနီးမယားနှင့်ခွဲခွါရခြင်း
၁၂။ လင်္ကျာမျက်ခွံ ။ ။ ပျော်ရွှင်ဖွယ်ရာသတင်းကောင်းကြားရခြင်း
၁၃။ လက်ဝဲ ။ ။။ ပူပင်သောကဖြစ်ရခြင်း
၁၄။ လက်င်္ကျာမျက်လုံးအောက် ။။ အပြစ်တင် အပြစ်ဖို့ခံရခြင်း
၁၅။ လက်ဝဲ ။ ။ ။။ အကုန်အကျများစေခြင်း
၁၆။ လင်္ကျာနား ။။ အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်စေခြင်း
၁၇။ လက်ဝဲနား ။။ ပူပန်ရခြင်း ရောဂါရခြင်း
၁၈။ လျှာ ။။ စကားအခြအတင်ပြောဆိုရခြင်း ရန်ဖြစ်တတ်ခြင်း
၁၉။ အထက်နှုပ်ခမ်း ။။ အောင်မြင်ပြီး အကျိုးခံစားရခြင်း
၂၀။ အောက် ။ ။ မိတ်ဆွေကောင်းတွေ့ရှိခြင်း
၂၁။ အထက်သွား ။။ ကိုယ်ဝန်ဆောင်ဖြစ်က ကလေးမွေးမည့်လက္ခဏာ ။ အောက်လက်ငယ်သား ဆွေမျိုးငယ်သူတို့ရောက်ရှိလာခြင်း
၂၂။ အောက်သွား ။။မကောင်းသတင်းများထွက်ပေါ်နေတတ်ခြင်း
၂၃။ လင်္ကျာပါး ။။ ငွေကြေးဆုံးရှုံးခြင်း
၂၄။ လက်ဝဲပါး ။။ နာမည်ဆိုးနှင့် ကျော်ကြားမှုရှိခြင်း
၂၅။ ပါးနှစ်ဖက် ။။ ပျော်ရွှင်ရခြင်း ပျော်ရွှင်ရမည့်နိမိတ်
၂၆။ မေးစေ့ ။။ချစ်သူရီးစားနှင့်အဆင်မပြေဖြစ်ခြင်း မိမိမှဖြစ်စေ သူတစ်ပါးမှဖြစ်စေခွဲခွါပြီးခရီး သွားရခြင်း
၂၇။ လင်္ကျာလည်ပင်း ။။ ပျော်ရွှင်ပြီး အကျိုးခံစားမှုရရှိခြင်း
၂၈။ လက်ဝဲ ။ ။။ ဆန့်ကျင်ဖက်လိင်များနှင့်ပျော်ရွှင်စွာဆက်သွယ်ရခြင်း
၂၉။ လင်္ကျာရင်သား ။။ ပူပန်သောကဖြစ်ရခြင်း
၃၀။ လက်ဝဲ ။ ။။ ကိုယ်ဝန်ဆောင်ကလေးမွေးမည့်လက္ခဏာ (သို့) ချစ်သူရရှိခြင်း
၃၁။ လင်္ကျာရင်ဘတ်(နံဘက်ခြမ်း )။။ စိတ်ချမ်းသာမှုရရှိခြင်း
၃၂။ လက်ဝဲ ။ ။ ။။ ရန်ဖြစ်ခြင်း
၃၃။ လင်္ကျာပုခုံး ။။ ပူပန်သောကဖြစ်ရခြင်း
၃၄။ လက်ဝဲ ။ ။။ ရန်အပေါင်းကိုအောင်နိုင်ခြင်း
၃၅။ လင်္ကျာလက်မောင်းအပေါ် ။။ ပျော်ရွှင်ခြင်း အလုပ်အကိုင်ရာထူးရရှိစေခြင်း
၃၆။ လက်ဝဲ ။ ။ ။။ဆန့်ကျင်ဖက်လိင်တို့နှင့်ပေါင်းသင်းဆက်ဆံရခြင်း
၃၇။ လင်္ကျာလက်မောင်းအောက်။။ ရာထူးတိုးခြင်း
၃၈။ လက်ဝဲ ။ ။ ။ ။။ ချမ်းသာသုခပျော်ရွှင်မှုကိုရခြင်း
၃၉။ လင်္ကျာလက်ခုံ ။ ။ ချစ်သူနှင့်ပေါင်းဖေါ်ရခြင်း
၄၀။ လက်ဝဲ ။ ။ ။ ကိုယ်စိတ်နှစ်ပါးသောကဖြစ်ခြင်း
၄၁။ လင်္ကျာလက်ဖဝါး ။။ ဝင်ငွေရရှိခြင်း အရိုအသေခံရခြင်း
၄၂။ လက်ဝဲ ။ ။။ ချစ်သူနှင့်ခွဲခွါရခြင်း ဝင်ငွေရရှိခြင်း
၄၃။ လင်္ကျာလက်မ ။။ ပျော်ရွှင်ဖွယ်သတင်းကြားရခြင်း
၄၄။ လက်ဝဲ ။ ။။ ဘေးအန ္တရာယ်ကြာင့်ဒဏ်ရာရခြင်း
၄၅။ လက်ညှိုးနှစ်ဖက် ။။ ရန်သူများကြောင့်သောကရောက်ခြင်း
၄၆။ လက်ခလယ် ။ ။။ ပူဆွေးမှုဖြစ်ရခြင်း
၄၇။ လက်သူကြွယ် ။ ။။ အောင်မြင်ခြင်း လက်ဝတ်ရတနာရရှိခြင်း
၄၈။ လက်သန်း ။ ။။ ရန်ဖြစ်ခြင်း ရန်သူများကြောင့်ဘေးအန ္တရာယ်ဖြစ်စေခြင်း
၄၉။ ဝမ်းပိုက်အထက်နှင့်အလယ် ။။ အလုပ်အကိုင်ဆုံးရှုံးရခြင်း
၅၀။ ဝမ်းပိုက်အောက်ပိုင်း ။။ ပျော်ရွှင်ခြင်း လေးစားမှုနှင့် ဂုဏ်သိက္ခာတက်ခြင်း
၅၁။ ခါး ။။ ခရီးသွားခြင်း
၅၂။ လိင် (မ) ။။ ကာမဂုဏ်ခံစားရခြင်း ကလေးမွေးမည့်လက္ခဏာ
၅၃။ လိင် (ကျား) ။။ ကာမဂုဏ်ခံစားရခြင်း ဆင်းရဲဒုက္ခဖြစ်ခြင်း
၅၄။ လင်္ကျာပေါင် ။။ ရုတ်တရက်ပူပင်သောကဖြစ်ပေါ်လာတတ်ခြင်း
၅၅။ လက်ဝဲ ။ ။။ ကာမဂုဏ်ခံစားရခြင်း ချစ်သူရောက်လာတတ်ခြင်း
၅၆။ လင်္ကျာခြေသလုံး ။။ ဆင်းရဲဒုက္ခဖြစ်စေတတ်ခြင်း
၅၇။ လက်ဝဲ ။ ။။ မကောင်းသောခရီးကိုသွားရခြင်း ပြောင်းရွှေ့ရခြင်း
၅၈။ လင်္ကျာခြေခုံ ။။ ကိုယ်စိတ်နှစ်ပါးဆင်းရဲတတ်ခြင်း
၅၉။ လက်ဝဲ ။ ။။ ကောင်း မကောင်း ခရီးသွားရခြင်း အလုပ်အကိုင်နေရာရွှေ့ပြောင်းရခြင်း
၆၀။ လင်္ကျာခြေဖဝါး ။။ ရာထူးတိုးပြီး အကျိုးခံစားရခြင်း
၆၁။ လက်ဝဲ ။ ။။ ခရီးဝေးသွားရန်ကိစ္စ ရုတ်တရက်ပေါ်ပေါက်တတ်ခြင်း
၆၂။ လကျာၤခြေချောင်း ။။ အောင်မြင်မှုကိုရရှိစေခြင်း
၆၃။ လက်ဝဲ ။ ။ ပူပင်သောကတွေ့ရတတ်ခြင်း
၆၄။ လင်္ကျာခန္မာကိုယ် ။ ။ ငွေကြေးဆုံးပါးခြင်း အကုန်အကျများခြင်း
၆၅။ လက်ဝဲ ။ ။ နိုင်ငံရပ်ခြားနယ်ခြားပယ်ခြား ခရီးသွားရခြင်း
၆၆။ တစ်ကိုယ်လုံး ။ ။ မကောင်းသတင်းတို့ဖြင့် ထင်ရှာကျော်စောခြင်း
ကိုမောင်မောင်(ဆန်းသုတေသီ)