အသားအရေ လှပစေရန် ဆယ်ကျော်သက်အရွယ်ကစပြီး ထိန်းသိမ်းနည်း

Knowledge Lifestyle
Spread the love

အသားအရေ လှပစေရန် ဆယ်ကျော်သက်အရွယ်ကစပြီး ထိန်းသိမ်းနည်း ဆေးလိပ်ငွေ့ကို ဘယ်တော့မှ မရှူမိပါစေနှင့်

ဆေးလိပ်ငွေ့ဟာ အရွယ်မတိုင်ခင် အရေးကြောင်းထင်တာ၊ ပါးရေတွန့်တာ နဲ့ အသားအရေ နွမ်းနယ် ခြောက်သွေ့ တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လက်တည့်စမ်းတဲ့အနေနဲ့ပဲ ဖြစ်ဖြစ် ဆေးလိပ်ကို ယောင်လို့တောင် မသောက် မိပါစေနဲ့။ အနားမှာ ဆေးလိပ်သောက် နေရင် ဆေးလိပ်ငွေ့ကင်းတဲ့ နေရာကို ထွက်သွားသင့်ပါတယ်။

နေရောင်ကာခရင်မ် လိမ်းပါ

အသားအရေကြမ်းတမ်းတာ၊ ညို ညစ်တာ၊ အသားအရေ မညီမညာဖြစ် တာနဲ့ အရေးကြောင်းထင်တာ စတဲ့ အ သားအရေပြဿနာတွေဟာ နေရောင် ခြည်ဒဏ်ကို တာရှည်ခံရတာကြောင့် ဖြစ် တတ်ပါတယ်။ ဒါကြောင့် ခရမ်းလွန် ရောင်ခြည် UVA နဲ့ UVB နှစ်မျိုးလုံးကို ကာကွယ်ပေးနိုင်တဲ့ နေရောင်ကာခရင်မ် ကို လိမ်းပေးပါ။ အပြင်မှာ ရှိနေတဲ့အ ချိန်တွေမှာ တစ်ကြိမ်လိမ်းထားရုံနဲ့ မလုံ လောက်တော့ပါဘူး။ အချိန် နှစ်နာရီ- သုံး နာရီကြာတိုင်း တစ်ကြိမ် ပြန်လိမ်းပေးပါ။

ရက်တီးနွိုက်ကို စဉ်းစားပါ

ဗီတာမင်အေရဲ့အမျိုးအစားတစ်ခုဖြစ် တဲ့ရက်တီးနွိုက်ဟာ ချွေးပေါက်ပွင့်စေတာ၊ ဝက်ခြံ ကင်းစင်စေတာ၊ အရေးကြောင်း ရေးရေးလေးတွေကို လျော့ပါးစေတာ၊ အသားအရေကို တင်းရင်းလှပစေတဲ့ ကော်လာဂျင်ထုတ်လုပ်မှု အားကောင်း စေတာ၊ အမည်းစက်တွေနဲ့ မှဲ့ခြောက် တွေလျော့ပါးသွားစေတာနဲ့ အသားအရေ ရဲ့ တည်ဆောက်ပုံကို တိုးတက်စေတာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါ တယ်။ ဒါကြောင့် နှစ်ည- သုံးည တစ် ကြိမ် ရက်တီးနွိုက်ခရင်မ်ကို ပဲစေ့အရွယ် ပမာဏခန့် လိမ်းပေးမယ်ဆိုရင် အသား အရေကို ကြည့်အကောင်းဆုံးဖြစ်အောင် ထိန်းပေးနိုင်ကြောင်း အရေပြားအထူးကု ဆရာဝန်တွေက လမ်းညွှန်ထားပါတယ်။

ရိုးရိုးရှင်းရှင်းသာ အသုံးပြုပေးပါ

တချို့အမျိုးသမီးတွေက အသားအ ရေထိန်းသိမ်းတာနဲ့ ပတ်သက်ပြီး တချို့ ပစ္စည်းတွေကို ရောစပ်သုံးတဲ့အခါ ပါဝင် ပစ္စည်းတွေရဲ့ အာနိသင်အချင်းချင်း ဓာတ် ပြယ်မှုကြောင့် အကျိုးကျေးဇူး မရတတ် တာမျိုး ဖြစ်တတ်ပါတယ်။ မျက်နှာသန့် စင်ဆေး၊ နေရောင်ကာခရင်မ်၊ အစိုဓာတ် ထိန်းအလှဆီနဲ့ ရက်တီးနွိုက်ပါတဲ့ ခရင်မ် စတာတွေပဲ ဖြစ်ပါတယ်။ ပြီးမှ မျက်ဝန်းနဲ့ နှုတ်ခမ်းအတွက် သီးသန့် ထိန်းသိမ်း ပေးရမှာပါ။

မတည့်လျှင် လုံးဝ မသုံးပါနှင့်

တကယ်လို့ သင့်အသားအရေက အသားအရေထိန်း ပစ္စည်းအသစ်ကြောင့် ရောင်ရမ်းတာ၊ နီမြန်းတာ၊ ပူစပ်ပူလောင် ဖြစ်တာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ် လာရင် အဲဒီပစ္စည်းကို လုံးဝမသုံးပါနဲ့ တော့။ နှမြောပြီး သုံးမိမှာစိုးရင် မဝယ် ခင်ကတည်းက စမ်းသပ် လိမ်းကြည့်ပြီးမှ ဝယ်သင့်ပါတယ်။

အင်တီအောက်ဆီးဒင့် ပါသော သဘာဝအစားအသောက်ကို စားပါ

ညစ်ညမ်းတဲ့လေထုကို ရှူ ရှင်းတဲ့ အစားအသောက်ကို စားမိတာ၊ ဆေးလိပ်ငွေ့ကို ရှူရှိုက်မိတာ . . စတဲ့ မသိလိုက် မသိဘာသာ အပြုအမူတွေ ကြောင့် ခန္ဓာကိုယ်ထဲကို အဆိပ်အ တောက်ဖြစ်စေတဲ့ ဖရီးရယ်ဒီကယ်တွေက ဝင်ရောက်သွားတတ်ပါတယ်။ အဲဒီ ဖရီး ရယ်ဒီကယ်တွေကို ချေဖျက်နိုင်ဖို့ရာ အတွက် အင်တီအောက်ဆီးဒင့်ပါတဲ့ အစားအသောက်တွေကို များများ စားပေးဖို့ လိုပါတယ်။ အင်တီအောက်ဆီးဒင့်တွေက ရောင်စုံ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေထဲမှာ ပေါများစွာ ပါဝင်တာကြောင့် များများ စားပေးရပါမယ်။

ဘဝနေထိုင်မှုပုံစံကို ဂရုစိုက်ပါ

ယောဂကျင့်တာ၊ တရားထိုင်တာ စတဲ့ လှုပ်ရှားမှုတွေဟာ စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ စိတ်ဖိစီးမှုဟာ ဝက်ခြံ၊ နှင်းခူ၊ အရေပြားနီမြန်းတာစတဲ့ ဆိုးရွားတဲ့ အရေပြား အခြေအနေတွေ ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိပ် ရေးဝဝအိပ်ပြီး ပြည့်ပြည့်ဝ၀ အနားယူ တာ၊ ပုံမှန် တရားထိုင်တာ၊ အကြော လျှော့ပေးမယ့် ယောဂလေ့ကျင့်ခန်း လုပ်တာ စတာတွေကို ဆောင်ရွက်သင့်သလို သွေးလှည့်ပတ်မှုကောင်းအောင် ချွေး ထွက်တဲ့အထိ လေ့ကျင့်ခန်းလုပ်ပေးပါ။ တကယ်လို့ မျက်နှာပေါ်မှာ ဝက်ခြံ၊ အ ဖုအပိမ့်စတဲ့ အပြစ်အနာအဆာတွေရှိ နေရင်တောင် တရားထိုင်ပြီး စိတ်ဖိစီး မှုကင်းသူတွေဟာ တရားမထိုင်သူတွေထက် မြန်မြန်အနာကျက်ကာ သက်သာ စေကြောင်း လေ့လာတွေ့ရှိရပါတယ်။

အခြေခံ ထိန်းသိမ်းနည်း အဆင့်ဆင့်ကို ပြုလုပ်ပါ

– အရင်ဆုံး မျက်နှာကို ဓာတုပစ္စည်း ဆေးနဲ့ ကြက်သီးနွေးရေ သုံးပြီး သစ်ပါ။

– ပြီးရင် မျက်နှာကို နူးညံ့တဲ့ မျက်နှာ သုတ်ပဝါနဲ့ ညင်ညင်သာသာ သုတ်ပေးပါ။

– မျက်နှာ လန်းဆန်းသွားအောင် အယ်လ်ကိုဟောမပါတဲ့ ချွေးပေါက်ကျဉ်း ဆေးရည်တိုနာ လိမ်းပေးပါ။ အဲဒီနောက် နေရောင် ကာကွယ်နိုင်တဲ့အဆ ၁၅ဆ ပါဝင်တဲ့ နေရောင်ကာခရင်မ်ကို လိမ်းပါ။

– နေရောင်ကာခရင်မ်လိမ်းပြီး အချိန်အ နည်းငယ်ကြာမှ အရေပြား အစိုဓာတ် ထိန်း ခရင်မ်ကို လိမ်းပေးပါ။

– နောက်ဆုံးမှာ မျက်ဝန်းအောက်က အရေးကြောင်းမဖြစ်အောင် ကာကွယ်တဲ့အ နေနဲ့ အိုင်းခရင်မ်ကို လိမ်းပေးသင့်ပါ တယ်။

နံနက်ပိုင်း မျက်နှာသစ်ပြီးချိန်မှာ ဒီအတိုင်းပြုလုပ်ပြီး ညဘက်မှာ ဆိုရင် နေရောင်ကာခရင်မ်အစား ညဘက် လိမ်းရတဲ့ ညလိမ်းခရင်မ်ကို လိမ်းပေးပါ။ ညဘက်မှာအပျင်းထူပြီး မျက်နှာမသစ်ဘဲ မအိပ်လိုက်ပါနဲ့။ နေ့ခင်းဘက်မှာ ထိ ခိုက်ထားတဲ့ အသားအရေကို ညဘက် မှာ ပြန်လည်ပြုပြင်ပေးနိုင်တာကြောင့် ညဘက် အသားအရေထိန်းသိမ်းမှုဟာ လည်း အရေးပါပါတယ်။

သဘာဝနည်းလမ်းများကို သုံးပြီး ပေါင်းတင်ပေးပါ

အသားအရေကို အလွယ်တကူ ဖြူစင် လှပလာစေမယ့် သဘာဝပေါင်းတင် နည်းကို တစ်ပတ်မှာ တစ်ကြိမ် – နှစ် ကြိမ်လောက် ပြုလုပ်ပေးနိုင်ပါတယ်။

– ဆဲလ်သေတွေ ကွာကျသွားအောင် သံပရာရည်နဲ့ မျက်နှာကို ဆေးကြော ပေးပါ။

– မျက်နှာမှာ အရေးကြောင်းပါးပါး ထင် နေရင် နွားနို့တစ်ခွက်၊ သခွားသီးစိတ် ပါးပါးတို့ကို မွှေစက်ထဲရောမွှေကာ လိမ်းပေးပါ။ အချိန် ၁၅ မိနစ်ကြာမှ မျက်နှာ ကို ကြက်သီးနွေးရေနဲ့ ဆေးချလိုက်ပါ။

– ပြီးရင် မျက်နှာသုတ်ပဝါနဲ့ ညင်ညင် သာသာသုတ်ပြီး အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးပါ။

ကြယ်စင် – Good Health