အသုံးများလို့ မီးပူနဲ့ ဒယ်အိုးဖင်တွေမှာ ဂျိုးတွေတက်နေပြီမို့လား မပူပါနဲ့ ဒီနည်းလေးနဲ့ဖြေရှင်းလိုက်ပါ
မီးပူဖင်မှာ ဂျီးတွေတက်နေလား မပူပါနဲ့။ ပါရာစီတမော့ (၂) ပြား ရှိရင် လွယ်ကူပါတယ်
လက်တွေ့ လုပ်ကြည့်လိုက်ပါနော်။ဂျီးတွေပေနေတဲ့အပေါ်မှာဆေးပြားလေးတင်ထား၊မီးပူကိုအပူနည်းနည်းပဲထား၊
ခဏနေ အရည်ပျော်ကျကုန်ပြီး၊ တစ်ရှူးအကြမ်းလေးနဲ့ ပွတ်လိုက်ရင် မီးပူမှာ ကပ်နေတဲ့ ဂျီးတွေ အကုန်ပြောင်ကုန်တာပါပဲ။
အိမ်မှာ လက်တွေ့ စမ်းကြည့်နော်။ ကဲ မလွယ်ဘူးလား။
ဒယ်အိုးအောက်ခြေမှာ တက်နေတဲ့အိုးမဲတွေ ပြောင်ပြီး အသစ်လိုဖြစ်သွားစေမယ့်နည်း
လိုအပ်တဲ့ပစ္စည်းကတော့ ပျော့နေတဲ့ ခရမ်းချဉ်သီး သို့မဟုတ် ပုတ်ခါနီးခရမ်းချဉ်သီး
(ဈေးထဲမှာ ဆိုရင်အလကားတောင် တောင်းယူလို့ ရပါတယ်)
ဒါမှမဟုတ် လတ်လတ်ဆတ်ဆတ်ခရမ်းချဉ်သီး ၃-၄လုံးလောက်ကို ပါးပါးလှီးကာ
အဝကျယ် ဒယ်အိုးထဲထည့် ရေသင့်ရုံထည့်ပြီး ဆူပွက်လာတဲ့အထိ ကျိုလိုက်ပါ။
အိုးမဲချွတ်လိုတဲ့ အိုးတွေခွက်တွေကို အဲဒီထဲ ထည့်ပြုတ်လိုက်ပါ
၃မိနစ်ကနေ ၅မိနစ်ရှိပြီဆိုရင် ခါတိုင်းသုံးနေတဲ့ ဆပ်ပြာဆီနဲ့ ဖော့ကိုအသုံးပြုကာ ပွတ်ချလိုက်ပါ
ဒယ်အိုးအောက်ခြေတွေ အသစ်လို ပြောင်လက်သွားမှာပဲဖြစ်ပါတယ်။ အရမ်းလည်းလွယ်ပြီး ကုန်ကျစရိတ်နည်းပါးတဲ့ နည်းပါ…
မယုံရင် အခုဘဲ သင် စမ်းကြည့်လိုက်စမ်းပါ။ သင်စိတ်ချမ်းသာစေမယ်လို့ ရဲရဲကြီး အာမခံပါတယ်…။