အာရုံကြော အားနည်းခြင်း ပန်းသေခြင်း သွေးအားနည်းခြင်း တို့ကို ပျောက်ကင်းစေတဲ့ ဆေးနည်း
” ကျား/မ စွယ်စုံရ ဖလံတောင်ဝှေးဥ အားဆေးကြီး”
သားသမီးမရသော ကျား မ မိတ်ဆွေများ။ ဟော်မုန်းအားနည်းသူများ၊ အားနည်း
ပိန်လှီသူများ သွေးအားနည်းသူများ အဖေါအရောင်ဝေဒနာရှင်များ အတွက်
အလွယ်ကူဆုံး အကောင်းဆုံးတွေထဲက အကောင်းဆုံး ဆေးနည်းလေး တစ်ခု မျှဝေလိုက်ပါတယ်။
ဒီဆေးနည်းတွေဟာ လက်တွေ့ စမ်းသပ်ပြီးသား ဆေးနည်း မူမှန်တွေ ဖြစ်သည့်အတွက်
မည်သူမဆို ဘေးကင်း စိတ်ချစွာ ဖေါ်စပ် သုံးဆောင်နိုင်ကြပါသည်။
ယနေ့ခေတ်မှာ ဆေးပညာထက် ဆေးနည်းကိုသာ အလွယ်တကူ
ယူလိုသူများကြပါသည်။ ဆေးဆရာလုပ်သူတွေက မဟုတ်မမှန် တင်ပါက
အများအတွက် ဘေးဖြစ်နိုင်သည့် အပြင် အကုသိုလ် များလှပါလိမ့်မည်။ ဒါကြောင့်
ဆေးစစ် ဆေးမှန်များကိုသာ တင်ပြပေးကြရန်လည်း တိုက်တွန်းအပ်ပါသည်။
လူ ၁၀၀ တွင် ၈၀ လောက်တည့်သော အကျိုးရှိသော ဆေးဖြစ်ပါက ထိုဆေးသည်
ကောင်းမြတ်သော ဆေးဖြစ်ပါသည်။ ဒါကြောင့် လူတိုင်းနှင့် သင့်တော်သော ဤဆေးနည်းကို တင်ပေးလိုက်ပါသည်။
ဆေးနည်း
၁။ ဖလံတောင်ဝှေးဥ – ၁၀ သား၂။ နွယ်ချို – ၁၅ ကျပ်သား၊၃။ ထောပတ် – ၅ ကျပ်သား၊
၄။ ပျားရည် – ၈ ကျပ်သား၊၅။ ဇာတိပ္ဖိုလ်သီး – ၁ ကျပ်သား
ဆေးဖေါ်စပ်ပုံ
နွယ်ချိုနှင့် ဇာတိဖို သီးကို အမှုန့်ပြုထားပါ။ ဖလံတောင်ဝှေးဥ (အစို) ပါးပါးလှီး၍ ညက်စွာ ထောင်းထားပါ။
ထောပတ် +ပျားရည်+ ဖလံတောင်ဝှေး ၃ မျိုးကို မီးပျော့ပျော့ဖြင့် ဦးစွာချက်ပါ။ ဖလံတောင်ဝှေးဥမှ ထွက်သော
အရည်များ ခမ်းလုနီးပါးဖြစ်သောအခါ နွယ်ချိုမှုန့် နှင့် ဇာတိဖိုသီး အမှုန့်ကိုထည့်ပါ။
ဖလံတောင်ဝှေး အရေခမ်းသည်အထိ ဆက်ပြီးချက်ပါ။ ( ဖလံတောင်ဝှေးဥသည် အစိုဖြစ်သည့်အတွက်
ကျိုချက်သောအခါ အရည် ထွက်ပါလိမ့်မည်။ ရေထည့်စရာမလိုပါ)
ကျက်သောအခါ အအေးခံ၍ ဖန်ပုလင်းနှင့်ထည့်၍ လေလုံစွာထားပါ။ တစ်ခါသောက် လဖက်စားဇွန်း ၁ ဇွန်း သောက်ပါ။
နံနက်/ ည ၂ ကြိမ်သောက်ပါ။ကျား မ အားအင်ကုန်ခမ်းခြင်း ဟော်မုန်းဓာတ်လျှော့နည်းခြင်း
မောပန်းလွယ်ခြင်း အာရုံကြော အားနည်းခြင်း ပန်းသေ (ကျား/မ) လိင်စိတ်နည်းပါးခြင်း။
သွေးအားနည်းခြင်း ဖေါရောင်ခြင်း အသားအရည်ပွခြင်း တို့ကို ဆေးတစ်ဖုံ မကုန်မီ
ပျောက်ကင်းကြောင်း ဆေးက သက်သေ ခံပါလိမ့်မည်။