အိပ်တဲ့အခါ ဘာလို့ မှောက်ပြီး မအိပ်သင့်တာလဲ

Lifestyle
Spread the love

လူတိုင်းကတော့ မှောက်ပြီး အိပ်ရတာကို ကြိုက်နှစ်သက်ကြပါတယ်။ မှောက်ပြီး အိပ်ရတာက စိတ်ကျေနပ်မှုကို ပေးပြီး အိပ်မောကျစေတယ်ဆိုတာကတော့ ငြင်းလို့မရပါဘူး။ ဒါပေမယ့်လည်း အိပ်တဲ့အခါ ဘာလို့ မှောက်ပြီး မအိပ်သင့်တာလဲဆိုတာကို ကျန်းမာရေး ရှုဒေါင့်ကနေ သေချာရှင်းပြပေးသွားပါမယ်။ အခက်မသင့်ရင် အသက်အန္တရာယ်တောင် ရှိနိုင်ပါတယ်။

၁. သွေးလွှတ်ကြော

ဆရာဝန်တွေရဲ့ ပြောကြားချက်အရ ဗိုက်ကို ဖိအိပ်ရင် သင့်ကျောရိုးနားက သွေးလွှတ်ကြောတွေကို ပိတ်ဆို့သလိုဖြစ်စေတယ်လို့ဆိုပါတယ်။ ဘာလို့လဲဆိုတော့ သင့်ရဲ့ခေါင်းက တခြားတစ်ဖက်ကို လှည့်ထားရလို့ပဲဖြစ်ပါတယ်။ ဒါကြောင့် သင့်ဦးနှောက်ဆီကို သွေးဆီးဆင်းမှုလျော့နည်းသွားစေပါတယ်။ ဒါက သတင်းကောင်းတော့ မဟုတ်ပါဘူး။ ဝတဲ့သူတွေအတွက်ဆိုရင် သူတို့သွေးကြောတွေထဲမှာ သာမန်သူတွေနဲ့မတူပဲ အဆီပိတ်နေတတ်တဲ့အခါမျိုးမှာဆိုရင် ခုလို မှောက်အိပ်လိုက်တာမျိုးဆိုရင် သွေးလွှတ်ကြောတွေကို ပိုပြီးပိတ်သွားစေနိုင်တဲ့အတွက် အသက်အန္တရာယ်ရှိနိုင်ပါတယ်။ သူတို့ရဲ့ ဦးနှောက်ကို အောက်စီဂျင်စီးဆင်းမှုရပ်သွားရင်တော့ မတွေးဝံ့စရာပါပဲ။ လူတိုင်းအတွက်တော့ မဟုတ်ပေမယ့် သတိတော့ထားသင့်ပါတယ်။

၂. အောက်စီဂျင်

နောက်ထပ်မှောက်အိပ်ခြင်းရဲ့ ဆိုးကျိုးကတော့ သင့်ရဲ့ရင်ဘတ်က ဖိထားသလိုဖြစ်စေပြီး အသက်ရှူတာကို အနှောက်အယှက်ပေးပါတယ်။ ဒါကြောင့် သင့်ရဲ့ ခန္ဓာကိုယ်က အောက်စီဂျင်လုံလုံလောက်လောက်မရဘူးဆိုရင် မနက်ထလာရင် ပင်ပန်းနေသလို ဖြစ်စေပါတယ်။

၃. အစာအိမ်

သင့်ရဲ့ အစာအိမ်လည်း မှောက်အိပ်ခြင်းရဲ့ ဆိုးကျိုးကို ခံစားရပါတယ်။ အစာအိမ်ဘေးပတ်ဝန်းကျင်က အင်္ဂါအစိတ်အပိုင်းတွေကလည်း အလုပ်ကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် အိပ်ရတာ သက်သောင့်သက်သာတာရှိတာ ပြန်ရလိုက်တဲ့ ကျန်းမာရေးဆိုးကျိုးတွေနဲ့ ယှဉ်လိုက်ရင် မတန်ပါဘူး။ ဗိုက်တင်းနေတဲ့ချိန်အိပ်တာမျိုးဆိုရင် အစာအိမ်ရောင်ယမ်းခြင်းနဲ့ ပြည်တည်နာတွေကို ဖြစ်စေနိုင်ပါတယ်။

၄. မျက်နာ

သင် မှောက်လျက်အိပ်ပြီး မနက်နိုးထလာတဲ့အချိန်မှာ မှန်ကို ကြည့်လိုက်ရင် မျက်နှာမှာ ဖိအိပ်ထားလို့ အရာတွေ ပေါ်နေတတ်ပါတယ်။ သင့်မျက်နာကို ခေါင်းအုံးပေါ် တစ်ညလုံး ဖိထားလိုက်ရင် ရိုးရိုးလေးပဲ စဉ်းစားကြည့်လိုက်ပါ … မျက်နာတစ်ဝိုက်မှာ သွေးလည်ပတ်မှုကို ဆိုးရွားစေပါတယ်။ ကြာလာရင် မျက်နာကို ဖိအိပ်လို့ပေါ်လာတဲ့အရာတွေက အသက်ကြီးလာရင် မျက်နာပေါ်မှာ အရေးအကြောင်းတွေကို ဖြစ်လာစေနိုင်ပါတယ်။ လှချင်တဲ့သူတွေအတွက်တော့ အိပ်တဲ့ပုံစံကို ပြောင်းဖို့တော့ လိုပါတယ်နော်။

၅. လည်ပင်း

သင့်ရဲ့ လည်ပင်းကို ပုံမှန်မဟုတ်တဲ့ အနေအထားမျိုးနဲ့ တစ်ညလုံးအိပ်နေတယ်ဆိုရင် လည်ပင်းတစ်ဝိုက်နဲ့ ပုခုံးတစ်ဝိုက်မှာ သွေးလည်ပတ်မှုနဲ့ အာရုံကြောတွေကို ဖိထားသလိုဖြစ်တဲ့အတွက် မကောင်းပါဘူး။ နောက်ပြီး မနက်ထလာရင်လည်း လည်ပင်းနာကျင်နေသလို ခံစားရစေပါတယ်။

၆. နှလုံး

နှလုံးရောဂါရှိတဲ့သူတွေအတွက် မှောက်လျက်အိပ်လိုက်ရင် နှလုံးကို ဖိထားသလိုြ့ဖစ်စေတဲ့အတွက် နှလုံးခုန်နှုန်းတွေကို မြင့်တက်လာစေပြီး သွေးကြောဖိအားတွေကို တက်လာစေပါတယ်။
မှောက်လျက်အိပ်ခြင်းက တချို့အခြေအနေမျိုးမှာဆိုရင် သင့်အတွက် ဆိုးကျိုးမပေးပဲ ကောင်းကျိုးပေးပါတယ်။ ဥပမာ ကျောက်ကပ်ရောဂါရှိတဲ့သူတွေအတွက် မှောက်အိပ်တာဟာ ကျောက်ကပ်ပေါ် ဖိအားမရှိစေတဲ့အတွက် ကျောက်ကပ်ကို သက်သောင့်သက်သာနဲ့ အလုပ်လုပ်စေပါတယ်။ နောက်ပြီး အလုပ်စားပွဲမှာ ထိုင်တာ ပုံစံမကျတဲ့အခါမျိုးမှာ ညကျရင် မှောက်အိပ်လိုက်တာဟာ ကျောနဲ့ ပုခုံးတွေကို သက်သာစေပါတယ်။ ခဏလောက်တော့ မှောက်ပြီးအနားယူလိုက်ရင် လုံလောက်ပါတယ်။ ပြီးရင်တော့ အခြားအိပ်တဲ့ ပုံစံကို ပြန်ပြောင်းဖို့ အကြံပေးချင်ပါတယ်။ ဒါမှလည်း အပေါ်က ပြောပြခဲ့တဲ့ ဆိုးကျိုးတွေကို ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။

ခုပှောပှထားတာတှကေို ခွုံကှည့လြိုကမြယဆြိုရငြ မှောကအြိပတြာဟာ ကောငြးကွိုးထကြ ကနွြးမာရေးဆိုးကွိုးပေးတာ မွားနပေါတယြ။ ဒါဆို ဒီလိုမှောကအြိပရြတာ အရမြးသကသြောင့သြကသြာရှိတယြ … ဒီလိုမှောကအြိပရြမှ အိပပြွောတြတတြဲ့သူတှအတှေကြ ဘယလြိုလုပရြမလဲ။ ဒီလိုဆိုရငြ ညအိပဝြတြ အငြျက ွီရဲ့ရှေ့မှာ ဖော့တုံးလတှတေေို့ ၊ ပွော့တဲ့အရာတှကေို အပနြဲ့ခွုပထြားလိုကပြါ။ ဒီလိုဆိုရငြ မှောကအြိပတြဲ့အခါ သကသြောင့သြကသြာမရှိတော့တဲ့အတှကြ ပုံစံပှောငြးရငြးနဲ့ ကှာရငြ ကငွ့သြားရသှားပါလိမ့မြယြ။