အိပ်မပျော် ၊အိပ်မရတဲ့ ရောဂါသည်တွေအတွက် တစ်သက်လုံးရာသက်ပန် ပျောက်စေတဲ့ဆေးနည်း

Knowledge Lifestyle
Spread the love

အိပ်မပျော် ၊အိပ်မရတဲ့ ရောဂါသည်တွေအတွက် တစ်သက်လုံးရာသက်ပန် ပျောက်စေတဲ့ ဆေးနည်းလေး တင်ပေးလိုက်ပါတယ်

” ညညဆိုရင် ပန်းနာရင်ကျပ်ဖြစ်ပြီး အိပ်မရ တဲ့ ရောဂါသည်တွေအတွက် တစ်သက်လုံး ရာသက်ပန် ပျောက်စေတဲ့ ဆေးနည်းလေးတင်ပေးလိုက်ပါတယ် “

ပန်းနာရင်ကျပ် ရောဂါရှိသူများအတွက် တစ်သက်လုံးပျောက်ကင်းစေသော ဆေးနည်းကောင်းပေးလိုက်ပါတယ်။

မိတ္ထိလာမြို့မှ အဘိုးကြီးတစ်ဦး နှစ်နှစ်ကြာကြာ ပန်းနာရင်ကျပ်ရောဂါ ဖြစ်နေခဲ့ရာ လူပြောများ၍ ပဲစဉ်းငုံ အလုံးလိုက်

တစ်နေ့ နို့ဆီဘူး တစ်လုံးကျ ပြုတ်၍ ဆားခတ်ပြီး အစမ်းသဘောဖြင့် နေ့စဉ်စားနေခဲ့ပါတယ်…

စားနေရင်း နေရထိုင်ရတာ သက်သာလာပုံ ခံစားရသည် ဆို၏၊

ထို့ကြောင့် အားတက်၍ နေ့စဉ်ပုံမှန် ဆက်စားနေခဲ့ရာ ၃ လကြာလျင် လုံးဝ ပျောက်ကင်းသွားပုံ လက်တွေ့ဖြစ်ကြောင်း

ရောဂါပျောက်သူ၏တူ ကျောင်းဆရာကြီး ဦးတင်ဝင်းက လျောက်ထားပါသည်။ စားသုံးနည်းမှာ လွယ်ပါ၏၊

ပဲစဉ်းငုံ အလုံးလိုက် ရေနှင့်နပ်အောင် ပြုတ်ပြီး ဆားခပ်၍ ပဲလုံးဟင်းကဲ့သို့ အရေအဖတ် စားခြင်းဖြစ်သည်။

နေ့စဉ် နို့ဆီဗူး တစ်လုံးကျစားနေပါ၊ ၄ လ ကြာလျင် ပန်းနာရင်ကြပ် လုံးဝပျောက်ကင်း၏ ဟု မှတ်ပါ၊ အခြား ဘာစားဆေးမှ ထိုးရန်စားရန် မလိုကြောင်း သိရသည်။

နောက်တစ်နည်းကတော့ နတ်ဆေးဂမုန်း

လက်တွေ့ ဆေးကောင်းတစ်ခုကို ပြောဦးမည်၊ နတ်ဆေးဂမုန်းစား၍ တသက်လုံး စိတ်ချရအောင် ပျောက်ကင်းသွားသူတွေလဲ ရှိကြ၏၊

နတ်ဆေးဂမုန်းကို အမှုန့်ထောင်းပြီး ပျားရည် တစ်ပုလင်းလျင် ဆေးမှုန့် ၂ ကျပ်သားနှင့် ရောစပ်မွှေကာ နေဖြင့် ၃ ရက်လှန်းပါ။

ထောပတ် ၂၀ ကျပ်သား ရောထည့်ပြီး နာနာမွှေကာ ၄ ရက်ဆက်လှန်းပါ၊။

၇ ရက်လွန်ပြီးလျင် ဟင်းစားဇွန်းနှင့်နံနက် ည တစ်ဇွန်းကျ တစ်နေ့ နှစ်ကြိမ် စား၍ ရေနွေး အဖန်ရည် သောက်ပေးပါ၊

ပန်းနာ ရင်ကြပ်ရောဂါ ပျောက်၏၊ ဒူလာ မီးယပ်ရောဂါပါ ပျောက်ကင်း၏၊ ညောင်းညာကိုက်ခဲခြင်း မရှိတော့ပဲ လူခန္ဓာကိုယ်ပါ ဝဖြိုး စိုပြည်လာသည်ကို တွေ့ရပါလိမ့်မည်။