အိမ်စီးကားလေးဖြင့် တောင်တက်ရာတွင် သိထားသင့်သောအရာများ

Knowledge Lifestyle
Spread the love

မြင့်မားသော တောင်အတက်များတွင် အော်တို ဂီယာအသုံးပြုသူများ အဲယားကွန်း မဖွင့်ပါနှင့်။ တောင်တက်ရန်အတွက် Second ဂီယာဖြစ်သော S, 2 တို့ဖြင့်သာတက်ပါ။

D သာပါသော အော်တိုကားများတွင် Manual ပြောင်း၍ တက်သင့်ပါသည်။

ဒီဇယ် Pickup ကားများနှင့် Manual ဂီယာသုံး အိမ်သုံးကားငယ်များတွင် ဂီယာကို ကြိုဒေါင်းပါ။ မနိုင်သောဂီယာနှင့် အတင်းဆွဲတက်ပါက Manual ဂီယာကားများတွင် ကလပ်ပလိတ်ပြား မျက်နှာပြင်များချော်တတ်ပါသည်။

မြင့်မားသောတောင်အဆင်းတွင်လည်း အော်တိုဂီယာဖြစ်စေ Manual ဂီယာဖြစ်စေ ဂီယာကြီးဖြစ်သော S, 2 စသော ဂီယာကြီးဖြင့်အနည်းဆုံးဆင်းပါ။

အဆင်းရှည်သော တောင်ဆင်းများတွင်ဂီယာအသေးဖြစ်သော 3, 4, D ဖြင့်ဆင်းပြီး ဘရိတ်အားကြာရှည်စွာ မှေးထားပါက တောင်ဆင်းတွင် ဘရိတ်ပျောက်တတ်ပါသည်။

ဘရိတ်ပျောက်ပါက ဘရိတ်အောက်ကျကာမမိတော့ပါ။ ဘရိတ်ပျောက်ခဲ့ပါက မစိုးရိမ်ဘဲ ဂီယာဖြင့် ထိန်းရပ်ပြီး နာရီဝက်ကျော်ခန့်နားလိုက်ပါက ဘရိတ်နဂိုကဲ့သို့ အပေါ်ပြန်တက်ကာ ကောင်းသွားပါလိမ့်မည်။

တောင်တက် တောင်ဆင်း မျက်ကွယ်ကွေ့များတွင် ဟွန်းတီးရန် မမေ့ပါနှင့်။ ဟွန်းသံသည် ကျဉ်းမြောင်းသော တောင်ကွေ့များတွင် နှစ်ဖက်လုံးအတွက်အန္တရာယ်ကာကွယ်နိုင်ပါသည်။

တောင်တက် တောင်ဆင်းချောက်ကမ်းပါးနားကားချင်းကပ်ရှောင်ရာတွင် ဘေးကာတန်းနှင့် တိုင်မရှိသောနေရာများတွင်ဖို့မြေသားပေါ် မနင်းပါနှင့်။ မသေချာပါက ရပ်ထားကာ ရှောင်ပါ။

ဘယ်မောင်းကားများ မသေချာပါက ရပ်ပြီးသာ ရှောင်သင့်ပါသည်။ တောင်တက် တောင်ဆင်းများတွင် ကားကြီးများကို ဦးစားပေးပါ။

ကားကြီးများသည် ဝန်အလေးချိန်များသဖြင့် အချို့နေရာများ ဖို့မြေသားများတွင် ချောက်နှုတ်ခမ်းအထိ ကပ်သွား၍ မရပါ။ ထို့ကြောင့် ကားကြီးများအား လမ်းဦးစားပေးပါ။

တောင်တက် တောင်ဆင်းများတွင် တအိအိ တက်ဆင်းနေသော ကားကြီးများ အနှောင့်အယှက်ဖြစ်စေရန် ဟွန်း တတီတီ တီး၍ လမ်းမတောင်းပါနှင့်။ လမ်းလွတ်သောနေရာများတွင် လမ်းမတောင်းသည့်တိုင်

နောက်ကားအား ကျော်ရန်နေရာပေးပါလိမ့်မည်။ ကျော်မရသော လမ်းကျဉ်းများ၊ လမ်းပေး မရသောနေရာများတွင် ဝန်အလေးဖြင့် တက်/ဆင်းနေသော ကားကြီးများအား ဟွန်းသံဖြင့်အနှောင့် အယှက်မပေးပါနှင့်။

ရှမ်းအရှေ့ ကိုးကွေ့တောင်ကဲ့သို့ အတက်များတွင် ကားကြီးများသည်ညာကွေ့များတွင် ကွေ့၍ မလွတ်သောကြောင့်ဘယ်ဘက်ယာဉ်ကြောမှ ပန်းကွေ့တတ်ပါသည်။

ထို့ကြောင့် ကျဉ်းမြောင်းသော အကွေ့များတွင် ကားကြီး ဘယ်ကြောယူကွေ့ပါက ကားငယ်များ ဘယ်ကြောမှ ဖြည်းညှင်းစွာဆင်း၍ လမ်းပေးပါ။

ဝန်အလေးတင်ထားသော ကားကြီးများသည် ရပ်ပြီးမှ အကွေ့တင်ပြန်တက်ပါက အခန့်မသင့်ပါက နောက်ကရောင်းကြွေခြင်၊ ကလပ်ပလိတ်ကုန်ခြင်။ ရှပ်များကျိုးခြင်းဖြစ်တတ်ပါသည်။

တောင်တက်များတွင် ဖြည်းဖြည်းမှန်မှန်သာတက်ခြင်းသည် ကားအင်ဂျင်ကို ဝန်ရုန်းရ သက်သာစေပြီး အန္တရာယ်ကင်းပါသည်။

အတက် အကွေ့များတွင် ချောက်ကမ်းပါးဘက်မှ ပန်းကွေ့ရပါက အရှိန်ကြိုလျော့ထားပါ။ အကွေ့မနိုင်ပါက တစ်ဘက် ချောက်နှုတ်ခမ်းအထိပါသွားတတ်ကာအန္တရာယ် ရှိပါသည်။

တောင်တက်/တောင်ဆင်းများတွင်မိတ်ဆွေတို့ကားများ ခေတ္တရပ်နားလိုပါက မျက်ကွယ်ကွေ့နေရာများနှင့်လမ်ကျဉ်းသောနေရာများကိုရှောင်ပြီး လမ်းကျယ်သောနေရာတွင်သာနားပါ။

မည်မျှမြင့်မားသော တောင်ပင်ဖြစ်ပါစေ အိမ်စီးကားများသည် ရပ်ပြီး ပြန်တက်ရာတွင် ယခုခေတ်ကားများသည် သာသာယာယာပင်တက်နိုင်ကြပါသည်။ ဒါကြောင့် မသေချာသောနေရာများတွင် ရပ်ပြီး ရှောင်ပေးပါ။

မိတ်ဆွေကားအန္တရာယ်ကင်းအောင်မောင်းပြီး အခြားကားများလည်း အန္တရယ်မဖြစ်အောင် ဂရုပြု မောင်းနှင်ပေးပါရန် လိုအပ်ပါသည်။ ခရီးမထွက်ခင်…

ပန်ကာကြိုး

အင်ဂျင်ဝိုင်

ဂီယာဝိုင်

ဘရိတ်ဆီ

ရေတိုင်ကီ Coolant

ပါဝါဆီ

ရေသုတ်တံနှင့် မှန်ဆေးရည်

ကားဟွန်း

တိုင်မင်ကြိုး

ဘရိတ်ရှုးနှင့် အောက်ပိုင်းစစ်ဆေးရန်မမေ့ပါနှင့်။

လေစစ်များ မကောင်းပါကစ်လဲလှ အသယ်ပြီးမှ ခရီးထွက်ပါ။ ကား တာယာရက်စွဲများကို ခရီးမထွက်ခင် အသေအချာ စစ်ဆေးပါ။

တာယာ ပန်း ကောင်း မကောင်း စစ်ဆေးပါ။ တာယာရက်စွဲသည် ၄ နှစ်ခန့်အထိသာစိတ်ချရပါသည်။

Credit – ကိုတိုး(အွန်လိုင်းကားဝပ်ရှော့)