အိမ်တွင်းဖြစ် ဆားရေစိမ်နဲ့ ချဉ်ဖတ်စိမ်နည်းလေးများ

Knowledge
Spread the love

ကြိုက်သူများအတွက် အရမ်းလွယ်တဲ့နည်းလေးမို့ ဝေမျှပေးလိုက်ပါတယ်နော်…

ဒညင်းသီးနဲ့သဖန်းသီးဆားရည်စိမ်က ရေနွေးကိုဆူအောင်တည် ပြီးရင် ဇလုံထဲကိုစိမ္မဲ့ပမဏာမအထိုက်အလျောက်

ဆားကိုလိုသလောက်ထည့်ပါပြီးရင်ဆူပြီးသားရေနွေးကိုလောင်းထည့် ယောက်မလေးနဲ့မွှေပြီးအအေးခံထားလိုက်ပါ

အအေးခံပြီးသွားပြီဆို စိမ်လိုက်လို့ရပါပြီ တစ်ပတ်လောက်ဆိုစားလို့ရပါပြီ

နေပူထုတ်လှန်းနိုင်ရင်တော့ သုံးရက်ဆိုစားလို့ရပါပြီ…

ကတက်ချဉ်တို့ ကန်စွန်းရိုးတို့ကတော့ ဆန်ဆေးရေနဲ့ဆားနဲ့ဆိုရပါပြီ

သရက်သီးရေစိမ်ကရေသန့်နဲ့စိမ်ထားရုံပဲ တစ်ပတ်တစ်ခါတော့ရေလဲလဲပေးပါ

ဒါဆိုသရက်သီးရေစိမ်ကိုအရိမေတ္တိယျဘုရားပွင့်တဲ့အထိစားလို့ရပါတယ်ဒညင်းသီးတို့သဖန်းသီးတို့ကဆားရည်နဲ့စိမ်ရတာပါ

ကတက်တို့ကန်စွန်းရိုးကြောင်လျှာ မုန်လာဥဖြူ (ပိုးဒီ)အဲ့တာတွေက ဆန်ဆေးရည်နဲ့ဆားနဲ့ပဲစိမ်ရတာပါ

ထမင်းရည်ထည့်ချင်လည်းထည့်လို့ရပါတယ်…

သရက်သီးရေစိမ်ကတော့ ဘာမှမထည့်ရဘူး အငံကြိုက်တယ်ဆိုဆားထည့်ပြီးစိမ်လည်းရသလို

ရိုးရိုးရေသန့်နဲ့စိမ်လည်းရပါတယ် သရက်သီးရေစိမ်ကတော့ ရေနိုင်နိုင်လဲပေးရပါတယ်…

မလဲနိုင်ရင်သရက်သီးတွေမဲကုန်တယ်…။

crd~မူရင်းcrd