အိမ်မြှောင်ချေး ရဲ့ ကြောက်ဖို့ ကောင်းတဲ့ အန္တရာယ်
အိမ်မြှောင်ချေး တစ်ခုမှာ ဆိုရင် ထိပ်မှာ ကပ်လျက် ရှိနေတဲ့ အဖြူရောင် အစေ့လေး ကို
သိသိသာသာ မြင်ကြ ရမှာပါ။
အိမ်မြှောင် ချေး တုံးလေး ကို နှစ်ပိုင်းခွဲရင် အောက်ဘက် မည်းနေ တဲ့ အပိုင်း က မစင် ဖြစ်ပြီးတော့ အပေါ်က
အဖြူရောင် အစေ့လေးက ဆီး ဖြစ်ပါတယ်။
လူ အပါအဝင် တော်တော် များများ သတ္တဝါ တွေမှာ ဆီးကို အရည် အဖြစ်နဲ့သွားပေမယ့် အိမ်မြောင်တွေက တော့ အခဲ
ပုံစံနဲ့ သွားကြ ပါတယ်။
အဲ့သည် အဖြူရောင် လေးဟာ သူတို့ရဲ့ ဆီးက ထွက်တဲ့ ယူရစ်အက်ဆစ်ေ တွနဲ့ ဖွဲ့စည်းထား တဲ့ Crystal လေး တစ်ခုပဲ ဖြစ် ပါတယ်။
မြွေတွေ ရဲ့ချေး ဖွဲ့စည်းပုံ စနစ်ကလည်း အိမ်မြှောင်တွေနဲ့ဆင်တူ ပါတယ်။ အိမ်မြှောင်ရဲ့ ချီးက အန္တရာယ် ရှိလား ဆို ရင် အင်မတန် အန္တရာယ် ရှိပါတယ်။
ဆဲလ်မွန်းနဲလား လို့ ခေါ်တဲ့ ဘက်တီးရီးယားတွေ အလွန် များပြားစွာ ပါဝင် နေလေ့ ရှိ ပါတယ်။
အင်းဆက် တွေမှာ ရှိတတ် ကြတဲ့ အခြား ဘက်တီးရီးယား တွေလည်း ပါဝင် နေပါသေးတယ်။
ဒါကြောင့် မလို့အိမ်မြှောင်ချီး ကိုင်မိ ပြီးသွားရင် ဆပ်ပြာ နဲ့ လက် ကို သေချာစွာ ဆေးကြော ဖို့ လိုအပ် ပါတယ်။
အစား စား မိရင် မပါသွားအောင် ဂရုစိုက် ဖို့ အရေးကြီးပါတယ်။
မူရင်းရေးသားသူကို ခရက်ဒစ်ပေးပါသည်။