အိမ်မြှောင်နှင့် ပတ်သက်သော နိမိတ် များအကြောင်း

Knowledge
Spread the love

အိမ်မြှောင်သည် များသောအားဖြင့် နေအိမ်တွင်ရှိသော တွားသွားတိရိစ္ဆာန် အကောင်ငယ်ဖြစ်၏။ အိမ်မြှောင် စုတ်ထိုး (အော်မြည်) မှုမှာ မကြာခဏ အော်တတ်၏။

အချို့အိမ်မြှောင်သည် နှစ်ရက်သုံးရက်မှတစ်ကြိမ် စုတ်ထိုး၏။ ထိုကဲ့သို့ကြားပါက “သင်လည်း ကျန်းမာပါစေ၊ အစားအစာ ကြွယ်ဝပါစေ” ဟုမေတ္တာပို့သင့်၏။

တစ်နေ့တည်း ကြိမ်ဖန်များစွာ လေးငါးကြိမ် မကစုတ်ထိုးသော် အိမ်သားများ “ကျန်းမာရေး ချူချာမှုရှိတတ်၏။ စီးပွားလာဘ်လာဘဝင်ကိန်း နည်းပါးမှုရှိတတ်၏။”

အိမ်မြှောင်သည် အရှေ့အရပ်မှ စုတ်ထိုးခဲ့သော် ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ ဝင်ကိန်းရရှိလိမ့်မည်။ အိမ်မြှောင်သည် အနောက်အရပ်မှ စုတ်ထိုးခဲ့သော် သူခိုးသူဝှက် ရန်သူမျိုးငါးပါး ဘေးတွေ့ကြုံလိမ့်မည်။

အိမ်မြှောင်သည် အရှေ့တောင်အရပ်မှစုတ်ထိုးခဲ့သော် အိမ်မှ လူခြေနှစ်ချောင်းအရှင်ထွက်တတ်သည်။ နွား၊ မြင်း၊ အိမ်မွေးတိရစ္ဆာန် ပျောက်ဆုံးလိမ့်မည်။

အိမ်မြှောင်သည် တောင်စူးစူးအရပ်မှစုတ်ထိုးခဲ့သော် ခြေနှစ်ချောင်း ကျား၊ မ အရှေ့အရပ်မှလာလိမ့်မည်။ အိမ်မြှောင်အနောက်တောင်အရပ်မှစုတ်ထိုးခဲ့သော် လောဘဒေါသကြီးမှု တွေ့ကြုံနိုင်ပြီး အမှုအခင်း ဖြစ်လိမ့်မည်။

အိမ်မြှောင်သည် မြောက်စူးစူးအရပ်မှစုတ်ထိုးခဲ့သော် ချီးမြှောက်ခြင်းခံရမည်။ ရွှေ၊ ငွေ၊ လှည်း၊ လူဝင်ကိန်း ရရှိလိမ့်မည်။ အိမ်မြှောင်သည် ဦးခေါင်းတည့်တည့်အပေါ်မှ စုတ်ထိုးခဲ့သော် ရာထူးလာဘ်လာဘ ဒီရေကဲ့သို့ တစ်ခဏချင်းရရှိလိမ့်မည်။

မောင်ကြည်မျိုး (ကုန်းတလဘောင်)