အိမ်မှာသုံးနေတဲ့ လျှပ်စစ်ပစ္စည်း အပေါ်မူတည်ပြီး မီတာခ တစ်လစာကိုကြို တွက်ထားလို့ရပါတယ်

Knowledge
Spread the love

အိမ်မှာသုံးနေတဲ့ လျှပ်စစ်ပစ္စည်း အပေါ်မူတည်ပြီး မီတာခ တစ်လစာကိုကြို တွက်ထားလို့ရပါတယ်

“အိမ်သုံးမီတာခ ဘယ်လောက်ကျမလဲ တွက်လို့ ရပြီ”

မီးပူ -၁၂၀၀ ဝပ် — ၅.၂ အမ်ပီယာ

မီးဖို — ၁၆၀၀ ဝပ် — ၇ အမ်ပီယာ

တီဗွီ+စလောင်းစက် — ၄၀၀ ဝပ်.. ၁.၈ အမ်ပီယာ

အဝတ်လျှော်စက်–၂၀၀ ဝပ်.. ဝ.၉ အမ်ပီယာ

ရေမော်တာ— ၁၂၀၀ ဝပ်…. ၅.၂ အမ်ပီယာ

အဲကွန်း….၁၂၀၀ ဝပ်….၅.၂ အမ်ပီယာ

မီးသီး+မီးီချောင်း — ၁၅၀ ဝပ်… ဝ.၇ အမ်ပီယာ

အခြားအသုံးအဆောင်များ…၅ အမ်ပီယာ..– ၃၁ အမ်ပီယာ

အိမ်သုံးမီတာတစ်လုံး၏ခံနိင်ရည် ဝန်အားသည်(5/30) Amp. (10/30) Amp. အများဆုံး ၃၀အမ်ပီယာထိအသုံးခံနိင်ရည်ရှိပြီး အထက်ပါပစ္စည်းများ

အားတစ်ပြိုင်နက်သုံးစွဲနေပါက ( တစ်နာရီလျှင်) မီတာယူနစ်တက်နှူန်း kilo watt per hour (Kw/hr)

VI = W သည် 230v x 30A = 6900 Watt= 7 Kw = 7 Unit. ဖြစ်နေ၍ တစ်ရက်လုံးပစ္စည်းပြုံသုံးချိန်တစ်နာရီဆိုက တစ်ရက်လျှင် ၇ယူနစ်ဖြင့်တစ်လစာယူနစ်၂၂၀ ဝန်းကျင်ဖြစ်မည်။

အထက်ပါပစ္စည်းများခွဲခြားအသုံးပြုချိန်အတွက်တစ်ရက် ၁၀ယူနစ်ဖြစ်က တစ်လယူနစ်၃၃၀ ထပ်ပေါင်းက(၂၂၀+၃၃၀)=၅၅၀ ယူနစ်ဝန်းကျင်မီတာတက်ပါမည်။သာမန်မိသားစုတစ်လသုံးမီတာခ= ၅၅၀ယူနစ်အလွှာမခွဲ တစ်ယူနစ် ၃၅ကျပ်ဖြင့် တစ်လနှစ်သောင်းခန့်ကျပြီး နယ်စပ် ကိုယ်ထူကိုယ်ထမီးလင်းရေးနယ်ပယ်တစ်ယူနစ်၃၅၀ကျပ်ဖြင့်သုံးက တစ်လ ကျပ်နှစ်သိန်းခန့်ကျမည်ဖြစ်သည်။

လက်ရှိအိမ်သုံးမီတာအားမည်သည့်လျှပ်စစ်ပစ္စည်းများသုံးနိင်ပြီး ဝန်အားခံနိင်ရည်အမ်ပီယာ (သို ဝပ်အားအခြေအနေမည်မျှထိရှိနိင်လဲဟုသိချင်သူများအားရည်ရွယ်ရေးသားပါသည်။

ယခင်ကတပ်ထားသောAnalog နဲ့ဒစ်ဂျစ်တယ်မီတာတံဆိပ်ဟောင်းများ တွင်တောက်လျေှက်သုံး အမ်ပီယာ၃၀ ထက်ကျော်သုံးလည်းဝန်ပိုဒဏ်ကြေးရိုက်ခံရမူမရှိပါ၊ အခန့်မသင့်က မီတာလောင်မူများသာဖြစ်တတ်သည်။

ယခု၂၀၁၈ခုနှစ် ဧပြီလမှစတင်အသစ်ထုတ်ပေးသော ဒစ်ဂျစ်တယ်မီတာအသစ်(ပုံပါတံဆိပ်)သည် သတ်မှတ်ဝန်အား ၃၀ အမ်ပီယာ ကို တောက်လျှောက် တစ်နာရီထက်အချိန်ပိုမိုသုံးပါက ယင်းမီတာနဲ့ချိတ်ဆက်ထားသောရုံးထိုင်ဆာဗာကွန်ပျူတာတွင် Overload Error ဟု ဖော်ပြနေမည် ဖြစ်သည်။

မိမိအိမ် လစဉ် ယူနစ်တွက်ချက်တတ်ပြီး မီတာခ အနည်းအများ ချိန်ဆနိင်ကြပါစေသော်။ STG