အိမ်ရှင်မတို့အတွက် မျှင်ငါးပိအစစ် ဟုတ် မဟုတ်ကို ဘယ်လို ခွဲခြားမလဲ

Knowledge Lifestyle
Spread the love

အိမ်ရှင်မတို့ အတွက် မျှင်ငါးပိအစစ် ဟုတ် မဟုတ်ကို ဘယ်လို ခွဲခြားမလဲ

‏‏‎ကျွန်မတို့ မြန်မာလူမျိုးတွေရဲ့ထုံးစံအရ နေ့စဉ် စားသောက်တဲ့ အချိန်မှာ ငါးပိက မပါမဖြစ် အရေးပါပါတယ်။

ငါးပိနဲ့ တို့စရာ အစုံအလင်နဲ့ ဆို ထမင်းဝိုင်းက သာမန်ထက် ပို စိုပြည်ပြီး ထမင်းစားလို့ကောင်းတတ် ကြပါတယ်။

ဒါကြောင့် ကိုယ်က ငါးပိ ဆောင်ထားချင်ပေမယ့်လည်း ငါးပိ မစစ်မှာ၊ ဓာတု ဆေးတွေ၊ ဆိုးဆေးတွေ ပါမှာ၊

ဝယ်ပြီးတော့မှ စားမကောင်းတာတွေ ကြုံနေရတာလည်း စိတ်ညစ်ဖို့ ကောင်းလှ ပါတယ်။

ပြီးတော့ အဲ့လို ဆေးတွေပါဝင်ပြီး မသန့်ရှင်းတဲ့ ငါးပိကို ကြာရှည် စားမိရင် ကျန်းမာရေး ကို ထိခိုက်နိုင် စေပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ အိမ်ရှင်မတွေ အတွက် ငါးပိ စစ်မစစ် ခွဲခြားနည်းလေး ကို ပြောပြပေးမှာပါ။

မျှင်ငါးပိ ထဲမှာ အရည်အသွေး အကောင်းဆုံးနဲ့ အရသာ အရှိဆုံးက လက်ထောင်းမျှင်ငါးပိပါ။

ဒါကြောင့် မျှင်ငါးပိ စစ်စစ်ကို လိုချင်ရင် လက်ထောင်း မျှင်ငါးပိကို ရွေးဝယ်ပါနော်။

မျှင် ငါးပိ အရသာကို မြည်းကြည့်ပါ။ မျှင်ငါးပိ အစစ် အရသာမှာ ဆားပေါ့ ပါတယ်။ ချိုပါတယ်၊ မခါးပါ။

မျှင်ငါးပိ အစစ်မှာ ကြာလာ ရင်လည်း အနံ့ဆိုး ထွက်ခြင်း မရှိပါ။ ကြာလေ မွှေးလေ ဖြစ်ပါတယ်။

မျှင် ငါးပိ အရောင် လှစေဖို့အတွက် အချို့က ဆေးဆိုးလေ့ ရှိပါတယ်။ ဒါကြောင့်ဆေးဆိုးထားတာ ဟုတ်မဟုတ် သိချင်ရင် မျှင်ငါးပိ အနည်းငယ်ကို ရေမှာ စိမ်လိုက်ပါ။

ဆေးဆိုးထားလျှင် ဆိုးထားတဲ့ အရောင် တက်လာမှာဖြစ်ပြီး သဘာဝ မျှင်ငါးပိ ဖြစ်ရင် မူလ အရောင်အတိုင်းသာ ရှိနေ ပါလိမ်မယ်။

မျှင်ငါးပိ အလေးချိန် တက်စေဖို့အတွက် အချို့က ဖွဲနုတို့ ဂျုံတို့ ထည့်လေ့ ရှိပါတယ်။ အဲ့လို ထည့်ထားရင် ငါးပိကို ချက်လိုက်တဲ့အခါ ငါးပိက ပွလာမှာ ဖြစ်ပါတယ်။

ဒါဆို ကောင်းမွန်တဲ့မျှင်ငါးပိဟုတ်မဟုတ်ကိုရွေးဝယ်နိုင်ကြပြီပေါ့နော်။ ပြန်လည်မျှဝေပေးပါသည်။ မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Leave a Reply