စပါးစေ့လို သေး ချွန် ပြီး ပိတ်နေ ရင် အိုဇာတာ ကောင်းပါတယ်
မိမိ ရှာသည်ဖြစ်စေ သူတစ်ပါးကူညီသည် ဖြစ်စေ ပြည့်စုံပြီး မပူ ပင်ရပါ
စပါးစေ့ပုံမဖြစ်ပဲ ဟ နေရင် မျဉ်းပြိုင် ဖြစ်နေရင် ဆင်းရဲချမ်းသာမဟူ
မိမိ က ရှာ သူများက သုံး ကိုယ့် မရှိရင် သူများ က လာမပေးတဲ့ကံမျိုးပါ
အိုဇာတာ ကောင်းလိုလျှင်
မာနများကို ခဝါချပြီး နူးညံ့မှုများနဲ့ အစားထိုးပါ။
ဆုပ်သောလက်များလွှတ်ချပြီး ဖြန့်သောလက်ဖြင့်ကြိုဆိုပါ။
အပိုကိစ္စလျော့ချပြီး ဘာသာရေးကို အလေးပေးဆောင်ရွက်ပါ။
တကိုယ်ကောင်းဆန်မှုကိုကျောခိုင်းပြီး မျှတစိတ်ဖြင့် တည့်မတ်ပါ။
စွတ်ဖက်မှုများ လျစ်လျူရှုပြီး စကား နည်း၍ တရားမြဲ ပေးပါ။
မျက်မှန်စိမ်းများခွါချပြီး အကောင်းမြင်ရှုထောင့် မှ သုံးသပ်ပါ။
စိတ်ပင်ပန်းစေမယ့် အရာအားလုံး ကို ရဲဝံ့ ခိုင်မာစွာ စွန့်လွှတ်ပါ။
ဟန်ဆောင်ခြင်းတွေ ဝေးကွာစေပြီး လွတ်လပ် စွာပြုံးရွှင်ပါ။
တွန့်တိုမှုများ ချေဖျက်ပြီး သဒ္ဓါတရားများစွာနဲ့ အသက် ရှင်ပါ။
အတိတ်ဟောင်းများ မေ့ပစ်ပြီး အနာဂတ်ကောင်းကိုမျက်နှာမူပါ။
ကုသိုလ်များနဲ့ခြုံလွှမ်း ထားသော ဘဝကို ကျေနပ်ပီတိဖြစ်ပေးပါ။
အကောင်းဆုံး ကုသိုလ်ကို ပြန်တွေး၍ ကုသိုလ်သွေး နွေးပေးပါ။
သို့မှသာ အိုပယ်ဘဝ မကျရောက်စေဘဲ အိုကြွယ် အလှ များဖြင့် ဘဝဆည်းဆာချိန်ကို ကျက်သရေရှိစွာ တင့်တယ်လှပစေတော့မှာပါ။
စာအုပ်စာပေလူ့မိတ်ဆွေ
credit