အိုမင်းမစွမ်းဖြစ်နေတဲ့ အဖေအိုကြီးကို သားဖြစ်သူက နာမည်ကြီးစားသောက်ဆိုင်တစ်ခုကို ခေါ်သွားလိုက်မိသောအခါ…

Lifestyle
Spread the love

စားသောက်တဲ့အခါအစားအစာတွေဟာဘေးကိုဖိတ်စင်ကုန်တယ် အဖေရဲ့ဘောင်းဘီနဲ့အကျႌတွေပေါ်မှာလဲပေကျံလို့နေခဲ့ပါတယ်

တခြားဝိုင်းက လူတွေဟာအဖေဖြစ်သူကိုရွံရှာတဲ့အမြင်နဲ့ကြည့်လို့နေပေမယ့် သားဖြစ်သူကတော့ အေးအေးဆေးဆေးပါပဲ

အဖေစားလို့သောက်လို့အပြီးမှာတော့ သူ့အဖေခုလိုဖြစ်နေတာကို

လုံးဝမရှက်မိတဲ့ သားဟာထိုင်ခုံကထလို့အဖေ့ကို တွဲကာသန့်စင်ခန်းခေါ်သွားပါတယ်

သန့်စင်ခန်းထဲမှာပေကျံနေတာတွေကို သေချာသုတ်တယ်

အကျႌကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်ပြန် တည့်ပေးတယ်။ ဆံပင်ကိုညီနေအောင်သေချာဂရုစိုက် လို့ ဖြီးပေးတယ်

မျက်မှန်ကိုသုတ်ပြီးတည့်တည့်ဖြစ်အောင် ပြန်တပ်ပေးတယ်

သူတို့ ၂ ယောက်သန့်စင်ခန်းထဲကပြန် ထွက်လာတဲ့အခါမှာတော့စားသောက်ဆိုင်တစ်ခုလုံးကလူတွေဟာ

ပြောမပြတတ်အောင်သူတို့ကိုယ်သူတို့အကြီးအကျယ်ရှက်မိလို့ ငြိမ်သက်နေခဲ့တယ်

သားဖြစ်သူဟာကျသင့်ငွေကိုရှင်းပြီး ပြန်ဖို့အတွက်သူ့အဖေကို လှမ်းတွဲလိုက်တဲ့အချိန်မှာ

ဘေးဝိုင်းကအဘိုးအိုတစ်ယောက်ဟာသားဖြစ်သူကိုလှမ်းအော်ပြောလိုက်ပါတယ်

သားရေ… တစ်ခုခုများကျန်ခဲ့တယ်လို့ မထင်ဘူးလားကွယ့် မကျန်ခဲ့ပါဘူးခင်ဗျ လို့

သားဖြစ်သူလူငယ်က ဖြေတယ် အဘိုးအိုက ကျန်ခဲ့တာပေါ့ကွယ်

ဒီစားသောက်ဆိုင်ထဲမှာရှိနေတဲ့ သားတိုင်းအတွက်သင်ခန်းစာကျန်ခဲ့သလို

အဖေတိုင်းအတွက်မျှော်လင့်ချက်တွေ တပုံကြီးကိုကျန်ခဲ့ပါတယ်ကွယ်…။

စားသောက်ဆိုင်တစ်ခုလုံးဟာစောစောကထက်ကိုပိုငြိမ်သက်သွားခဲ့တယ်…။

#crd