အုပ်ထိန်းသူခွေးနှစ်ကောင်ကြောင့် သူ့ကိုယ်သူ ကြောင်ဆိုတာ မေ့နေရှာတဲ့ Azmael

News
Spread the love

အုပ်ထိန်းသူခွေးနှစ်ကောင်ကြောင့် သူ့ကိုယ်သူ ကြောင်ဆိုတာ မေ့နေရှာတဲ့ Azmael

ပြီးခဲ့တဲ့ နှစ်ပိုင်းလောက်တုန်းက Nathalie ဆိုတဲ့ ဘယ်လ်ဂျီယံမီးသတ်သတ်မားတစ်ဦးဟာ ကြောင်ပေါက်လေးတစ်ကောင်ကို ကောက်ရခဲ့ပါတယ်။ အရင်ကတည်းကလည်း အကောင်လေးတွေချစ်တတ်တဲ့ Nathalie တစ်ယောက် ကြောင်လေးကို အိမ်ခေါ်သွားခဲ့ပါတယ်။Azmael လို့ နာမည်ပေးကာ Nathalie ဟာ အပြီးပိုင်မွေးစားခဲ့ပါတော့တယ်။ ဒါပေမဲ့ အိမ်ကိုသာ ခေါ်သွားတယ်။ Nathalie တစ်ယောက် စိတ်ပူစရာကိစ္စတစ်ခုရှိနေခဲ့ပါတယ်။ အဲဒါကတော့ Azmael ကို သူ့အိမ်က မိသားစုဝင်တွေရော နှစ်သက်ပါ့မလားဆိုတာပါပဲ။ ဘာကြောင့်လဲဆိုတော့ Nathalie အိမ်မှာ အကြီးကောင်နှစ်ကောင်ရှိနေလို့ပါပဲ။

အကြီးကောင်တွေကတော့ တစ်ခြားမဟုတ်ဘဲနဲ့ ခွေးလေးနှစ်ကောင်ပါ။ Pooches အမျိုးအစား ခွေးလေးနှစ်ကောင်ဖြစ်ပြီးတော့ Namue နဲ့ Liam ဆိုတဲ့ ချစ်စရာ အမွှေးလုံးလေးနှစ်ကောင်ပါ။ Namue နဲ့ Liam ဟာ ခွေးလေးတွေဖြစ်နေတဲ့အတွက်ကြောင့် Azmael ကို ခေါ်သွားခဲ့ရင် အဆင်ပြေပါ့မလားပေါ့။ ဒါပေမဲ့ Nathalie ရဲ့ အထင်နဲ့အမြင်နဲ့ တလွဲစီကိုဖြစ်နေခဲ့ပါတယ်။Azmael တစ်ကောင် အိမ်ကိုလည်းရောက်ရော Namue နဲ့ Liam တို့နှစ်ကောင် အရမ်းကို ဂရုစိုက်ခဲ့ကြပါတယ်။ဂရုစိုက်လွန်းလို့ Azmael ဟာ သူ့ကိုယ်သူ ခွေးလေးတစ်ကောင်လို့ပဲ ထင်နေတော့တာပါ။

ထိုင်လိုက်တိုင်း ကြောင်တွေလိုမျိုး လက်ကိုဖွက်ပြီးတောင် မထိုင်တော့ဘဲနဲ့ ခွေးတွေအတိုင်း လက်ကိုအရှေ့ကိုထုတ်ပြီး ထိုင်ပါတော့တယ်။ နောက် Azmael ကို စတွေ့တုန်းက ကြောင်အကောင် သေးသေးလေး၊ ရေကန်ထဲမှာ မလှုပ်နိုင်မရှားနိုင်နဲ့မလို့ တော်တော်လေးကို အသက်အန္တရာယ်နဲ့ နီးစပ်နေခဲ့တာပါ။ ဒါကြေင့်လည်း Azmael ဟာ သခင်ကိုရော သူ့ထကအကြီး ခွေးလေးနှစ်ကောင်ကိုရောပါ အရမ်းကို တွယ်တာသွားခဲ့တာပါ။

ခွေးလေးနှစ်ကောင်ဟာလည်း Azmael ကို အမြဲတမ်းလိုလို သူတို့ရဲ့မျိုးတူလို့ပဲ သတ်မှတ်ထားခဲ့ပြီးတော့ ခွေးလေးတွေရဲ့ အမူအကျင့်တိုင်းပဲ ဆက်ဆံပေးနေခဲ့တာပါ။ တခြားကြောင် နှစ်ကောင်လည်းရှိပေမယ့်လို့ Azmael ဟာ ခွေးလေးနှစ်ကောင်ကိုပဲ အမြဲတမ်း ကပ်ပြီးနေနေခဲ့တာပါတဲ့။ ပြေးတမ်းလိုက်တမ်းလည်းဆော့တယ်၊ခွေးစာတွေလည်း စားတယ်တဲ့လေ …ဒါကြောင့်ပဲ သခင်ဖြစ်တဲ့ Nathalie ဟာအရမ်းကို အံ့သြနေခဲ့တာပါတဲ့လေ။