အဲဒီနေ့ က သမီး က သမီးချစ်သူ ကိုအိမ်ခေါ်လာပြီး “အဖေ.. ဒါ သမီး ချစ်သူ သမီး သူနဲ့လက်ထပ်မယ်” လို့ ပြောခဲ့ တယ်နော်

Lifestyle Relationships
Spread the love

သမီး… သမီးကို သူဆင်းရဲမယူနဲ့လို့ အဖေ ဘာကြောင့်ပြောရသလဲ အဲဒီနေ့က သမီးက သမီးချစ်သူကိုအိမ်ခေါ်လာပြီး “အဖေ.. ဒါ သမီးချစ်သူ သမီး သူနဲ့လက်ထပ်မယ်” လို့ ပြောခဲ့တယ်နော်။နောက်တော့ သမီးကို အဲဒီလူနဲ့သဘောမတူနိုင်ဘူးလို့ အဖေပြောခဲ့တယ်။ ဘာကြောင့်လဲလို့ သမီးမေးတော့ “ဆင်းရဲလို့” လို့ အဖေဖြေတယ်။ အဲဒီတုန်းက အဖေ့ကိုကြည့်တဲ့ သမီးရဲ့အကြည့်ကို အဖေမမေ့ခဲ့ပါဘူး။

သမီး ရဲ့အကြည့်ထဲမှာ ငါ့အဖေက ငွေမက် လိုက်တာ၊ ကြီးကျယ်လိုက်တာဆိုတာ ပါနေတယ်။အဖေဘယ်လိုရှင်းပြရမလဲ… ကိုယ့်သမီး အထင်လွဲသွားတာလောက် ခံစားရတာ မရှိပါဘူး သမီး“သူ ပိုက်ဆံမရှိလို့ပေါ့ ဟုတ်လား.. ဖေဖေ” လို့ သမီးပြန်မေးခဲ့တယ်နော်။ မဟုတ်ဘူး သမီး.. သူဆင်းရဲတာက ပိုက်ဆံ ဆင်းရဲတာ မဟုတ်ဘူး… သူဆင်းရဲတဲ့အချက် လေးချက်ကို အဖေတွေ့လိုက်တယ်။

(1)ရည်မှန်း ချက် ဆင်းရဲတယ်

အဲဒီနေ့က အဖေ့ရှေ့မှာ သမီးတို့ရပ်နေတဲ့အချိန် သမီးဘေးမှာရပ်နေတဲ့ သူက မျက်စိကလယ်ကလယ်နဲ့ ကြည့်ရတာ စိတ်ဓာတ်မခိုင်သလိုပါပဲ။သမီးတို့ရဲ့အနာဂတ်အကြောင်း အဖေမေးတော့ သူ့မှာ စကားထစ်ထစ်အအနဲ့ ဦးတည်ရာမရှိခဲ့ဘူး။အခုချိန်မှာ သူ့မှာ အိမ်ဝယ် ကားဝယ်ဖို့ ပိုက်ဆံမရှိတာမို့ အဖေ သူ့ကို မလိုလားမှာစိုးတယ်လို့ သူပြောတယ်။တကယ်တမ်းပြောရရင် သူ့ပိုက်ဆံမရှိလို့ သူ့ကို အဖေမလိုလားတာ မဟုတ်ဘူး။ သူ့မှာ ငွေကြေးဥစ္စာရှာဖို့ “ရည်မှန်းချက်မရှိ” တာကို အဖေမလိုလားတာပါ။သူဌေးသားတစ်ယောက်နဲ့ တောင်သူလယ်သမား ဆင်းရဲသားတစ်ယောက် ဘယ်သူ့ကိုရွေးမှာလဲလို့ အဖေ့ကို သမီးမေးခဲ့ရင် အဖေမဖြေတတ်ဘူး။

ဆင်းရဲတော့ ဘာဖြစ်လဲ.. လူတိုင်း ဆင်းရဲဖူးတာပဲ… ဒါပေမယ့် အသက်ငယ်ရွယ်ချိန်မှာ ဘဝကို ဖြစ်သလို ရေလိုက်ငါးလိုက်ပဲ ဖြတ်သန်းချင်တဲ့စိတ်ဆန္ဒ မရှိရဘူး။လူတိုင်းက ဖြူစင်လှပတဲ့အချစ်တစ်ခုကို ပိုင်ဆိုင်ချင်ကြတာပါပဲ။ဒါပေမယ့် ဘဝတစ်ခုကို ထူထောင်တဲ့အခါ သူနဲ့အတူ ထမင်းရည်လျှက်၊ တဲအိုပျက်မှာ သမီး တစ်သက်မနေနိုင်ပါဘူး။ ဘဝတစ်ခုကို သမီးတို့ လက်တွေ့ကျကျ ရင်ဆိုင်ကြရမှာပါပဲ။

(2)အတွေးအခေါ် ဆင်းရဲတယ်

လူ့ဘဝရဲ့ဒီတစ်သက်မှာ လူဆင်းရဲပေမယ့် အတွေးအခေါ် မဆင်းရဲရဘူး သမီးယောက်ျားလေးဆိုတဲ့မျိုးက နဂိုတည်းက နောက်ကျမှ ရင့်ကျက်ကြတယ်။ သမီးက အရွယ်မရောက်ခင်ကတည်းက အရာရာသိတတ်နေပြီ။သမီးတို့ နှစ်ယောက် အိမ်ထောင် ဘဝထူထောင်ကြမယ့်အဖြစ်ကို အဖေယောင်လို့တောင် မတွေးရဲခဲ့ဘူး။သူက ကွန်ပျူတာဂိမ်းဆော့တာ ကြိုက်တယ်တဲ့.. ဒါက ဘာမှတော့ မဟုတ်ပါဘူး.. အဖေလည်း ဂိမ်းဆော့တာပဲလေ။ဒါပေမယ့် အလုပ်ကပြန်ရောက်တာနဲ့ ဖိနပ်တစ်ဘက်၊ ခြေအိတ် တစ်ဘက်ပစ်ထုတ်ပြီး ဘာအရေးအကြောင်းကိစ္စမှ စိတ်မဝင်စားတော့ဘဲ ဂိမ်းထဲထိုးဝင်သွားတာမျိုးက မရဘူး။

သူ့ အတွက် သမီးက ထမင်းကမ်း ရေကမ်းပေးနေရဦးမှာ။သမီးက စာဖတ်တာကိုကြိုက်တယ်.. ထက်တယ်။ လူကြီးသူမတွေ့ဆုံပွဲတွေမှာ သူတို့နဲ့ သမီး စကားဝင်ဆန့်ပြောဆိုနိုင်တယ်။လူတိုင်းက သမီးကို သွက်သွက်လက်လက်ရှိတယ်လို့ ပြောကြတယ်။ ဟိုနေ့က အဖေ့ရှေ့ မှာထိုင်နေတဲ့ အဲဒီကောင်လေးက အမှန်အတိုင်းပြောရရင် ခေါင်းဗလာ၊ ဦးနှောက်ဗလာ၊ စကားလုံးဗလာပဲ သမီး..ဘဝဆိုတာ သမီးရည်းစားတုန်းကလို ပျော်ရွှင်နေမှာ မဟုတ်ဘူးသမီး။ပျင်းရိငြီးငွေ့ဖွယ်ရာပါ။ ဘဝကို ပျော်ရွှင်စေဖို့၊ သက်ဝင်လှုပ်ရှားဖို့ဆိုတာ လူတစ်ဦး တစ်ယောက်တည်းရဲ့ အတွေးအခေါ်နဲ့မရဘူး သမီး သူ့အတွေး၊ ကိုယ့်အတွေးတွေ ဖလှယ်မျှဝေကြမှ ဘဝက စိတ်ဝင်စားစရာကောင်းတာ အဖေမှတ်မိပါသေးတယ်။အမေ့ဝမ်းထဲကနေ ထွက်လာတုန်းက တခြားကလေးတွေက ငိုပေမယ့် သမီးကပြုံးရယ်ပြီး ထွက်လာတယ်။ သမီးက ငယ်ငယ်လေး တည်းက အရယ်သန်တယ်။ဘယ်ရောက်ရောက် လူတကာ နှစ်သက်တာကို ခံရတယ်။ သမီး တစ်သက်လုံး ပြုံးပျော်ရယ်မောနိုင်ဖို့ အဖေမျှော်လင့်တယ် သမီး…

(3)အသိပညာ ဆင်းရဲတယ်

သူသုံးတဲ့ဖုန်းနဲ့ ကွန်ပျူတာက နောက်ဆုံးပေါ်တွေ။ သူ့အခုဝင်ငွေလောက်နဲ့ ဘာလို့ ကိုယ်မတတ်နိုင်လောက်တဲ့အရာတွေကို ဝယ်သုံးရသလဲ…မူလဇစ်မြစ်က အရေးပါတယ်တဲ့။ဟုတ်ပါတယ် မူလဇစ်မြစ်ကောင်းတိုင်း အရာရာကောင်းသွားတာတော့ မဟုတ်ဘူး။ အဖေ အသက်၅ဝကျော် အတွေ့အကြုံအရ လူတစ်ယောက်ရဲ့ မိသားစုဟာ အဲဒီလူရဲ့အကျင့်စရိုက်နဲ့ မိသားစုအတွေးအမြင်ကို အနည်းအများ သက်ရောက်စေနိုင်တယ် ဆိုတာပါပဲ။သူ့ကိုယ်ပေါ်မှာ အဲဒီအတွေးအမြင်မျိုးကို စမြင်နေရပြီ သမီး..အသိပညာဆင်းရဲတဲ့အပြင် “အတွေ့အမြင်လည်းဆင်းရဲ”တာမို့ သူဟာ အသက် ၂ဝကျော်တာတောင် ဘာမှ မဖြစ်ထွန်းသေးတာ မဆန်းတော့ပါဘူး သမီး…

(4)အမျှော် အမြင်ဆင်းရဲတယ်

သူ့အိမ် ကဆင်းရဲတာ အဖေသိတယ်။ ဒါက ကိစ္စမရှိပါဘူး။ ဒီခေတ် ဒီအခါက လူငယ်တွေကို အခွင့်အရေးတော်တော်များများ ပေးထားပါတယ်။ ကြိုးစားလိုစိတ်ရှိင် သမီးတို့မှာလည်း အနာဂတ်ကောင်းတွေ ပိုင်ဆိုင်မယ်ဆိုတာကို အဖေယုံတယ်။ဒါပေမယ့် သမီးတို့ မင်္ဂလာဆောင်ပြီးရင် သူက သမီးကို အလုပ်ပေးမလုပ်တော့ဘူး။ အိမ်မှာပဲ လင်မွေး သားမွေး၊ ထိန်းကျောင်းပြုစု ခိုင်းမယ်လို့ ပြောတယ်။အဖေတစ်ယောက်ဖြစ်တဲ့ အဖေဟာ သူတို့ရဲ့အယူအဆတွေကို နားမလည်ခဲ့ဘူး သမီး။ ငယ်ငယ်လေးတည်းက သမီးကို အဖေေ ကျာင်းပို့၊ ငွေကြေးတွေကုန်ကျပြီး ဟိုသင်တန်းတက်ခိုင်း၊ ဒီသင်တန်းတက်ခိုင်းနဲ့ သမီးကို ဘာမှမခိုင်းခဲ့ဘူး။

ဒါပေမယ့် ဒီလိုနဲ့ပဲ သမီးကို တစ်သက်မကုန်ဆုံးစေချင်ဘူး။ ဘဝဆိုတဲ့ပိုက်ကွန်ကို သမီးအအုပ်ခံပြီး လင်ကျွေးသားမွေး အိမ်ဝေယျာဝစ္စတွေနဲ့ ရောဂါတွေမွေး တစ်နှစ်ပြီးတစ်နှစ် သမီးကုန်ဆုံးနေမယ်ဆိုရင် သမီးကို အဖေ အိမ်ထောင်မပြုစေချင်ဘူး သမီး။သမီးကို တစ်သက်လုံး ကျွေးမွေးထား ရမယ်ဆိုရင်တောင် ဒီလိုအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဘဝကို သမီး ဦးညွှတ်ခါးမကုန်းစေချင်ဘူး သမီး သမီးကို အဖေ ကျွေးမွေးလာခဲ့တာ၊ သမီးကို အဘက်ဘက်က ပညာတွေ သင်ယူစေခဲ့တာ၊ သမီးကို ပိုထူးချွန်ထက်မြက်သူ ဖြစ်စေခဲ့တာဟာ အနာဂတ်ေ ကာင်းတစ်ခုကို သမီးပိုင်ဆိုင်နိုင်ဖို့ပါ။သမီးကို သမီးချစ်သူနဲ့ အဖေသဘောမတူတာဟာ ဒီအချက်လေးချက်ကြောင့်ပဲ သမီး သမီး ၄နှစ်အရွယ်တုန်းက လူကြီးတွေက စနောက်ပြီး ကြီးလာရင် ဘယ်လိုလူမျိုးကို ယူမလဲလို့ မေးတုန်းက သမီးက “ဖေဖေလိုလူမျိုးကို ယူမယ်” လို့ ပြောခဲ့တယ်နော်။

အဖေ့ လိုလူမျိုး သမီးကိုမယူစေချင်တာ သမီးမသိခဲ့ဘူးမဟုတ်လား… အဖေနဲ့ယူလို့ သမီးအမေ တော်တော်ပင်ပန်းခဲ့ရတယ် သမီး..သမီးဟာ အဖေ့ရဲ့ထာဝရနတ်သမီးလေးပါ တစ်နေ့နေ့မှာ အဖေခါးကုန်းလို့၊ ခြေလှမ်းတွေလည်း နှေးလာတဲ့ချိန်ရောက်တဲ့အထိ၊ စကားပြော မပီသတော့တဲ့ အချိန်ရောက်တဲ့အထိ သမီးဟာ အဖေ့ရဲ့နတ်သမီးပါပဲ။အဖေ့ဒီတစ်သက်မှာ ကောင်းတာ ဆိုးတာ၊ လညတာ စားတာတွေ တော်တော်များများလုပ်ခဲ့ပြီးပြီ။ အောင်မြင်တာ ကျရှုံးတာ၊ ချိုမြိန်တာ ခါးသက်တာတွေလည်း မြည်းစမ်းခဲ့ပြီးပြီ။မနက်ဖြန်ပဲ လောကကြီးကနေ ထွက်ခွာသွားရ မယ်ဆိုရင်တောင် အဖေ့မှာနောင်တမရှိဘူး သမီး…

အဖေ ငွေမက်တာ မဟုတ်ဘူး.. ကြီးကျယ်တာ မဟုတ်ဘူး သမီး..သမီး ကောင်းမွန်ပျော်ရွှင်နေဖို့ကိုပဲ အဖေမျှော်လင့်ခဲ့တာပါ။ဒီအဖေ စိတ်ပူတာက ငွေကြေးမချမ်းသာလို့ ဆင်းရဲတာကို မဟုတ်ပါဘူး။ ရည်မှန်းချက်၊ အတွေးအခေါ်၊ အသိပညာ၊ အမျှော်အမြင်တွေ ဆင်းရဲမှာ ကို စိုးရိမ်တာပါ။အရွယ်ရှိချိန်မှာ ငွေကြေးမချမ်းသာရင် ကြိုးစားရှာဖွေလို့ရနိုင်ပေမယ့် စိတ်ဓာတ်နဲ့ စိတ်နေသဘောထားတွေ ဆင်းရဲရင်တော့ ကိုယ့်အသိစိတ်နဲ့ကိုယ်ပဲ ပြုပြင်လို့ရမှာဖြစ်ပါတယ်။ဒီစာကိုဖတ်ပြီး ဒီလိုဆင်းရဲမျိုးကို သင်ရော လက်ခံနိုင်မလား…

မူရင်းရေးသားသူ — (နာမည်သိပ်မသေချာ လို့ မရေးပါ၊ wechat မှာ ဖတ်မိတဲ့ စာတစ်ပုဒ်ကို ဘာသာပြန်မျှဝေတာဖြစ်ပါတယ်)