၃လတစ်ခါပြုလုပ်သင့်တဲ့အိမ်ဆေးခြင်းလာဘ်ပွင့်မင်္ဂလာသင်တို့အိမ်ကဘုရားတရားဘယ်လောက်လုပ်နေပါစေအတိုက်အခံ
မနာလိုမုန်းတီးသူများနေတယ်အေးချမ်းခြင်းမရှိဘူးငွေလည်းမဝင်လာဘ်တိတ်နေတယ်
ကံမကောင်းချက်ကချဲတွေထီတွေမပြောနဲ့ကံစမ်းမဲဆို၁၀၀တန်တောင်မပေါက်ဖူးဘူးဆိုရင်အောက်ပါအတိုင်းပြုလုပ်ဆောင်ရွက်ပေးပါနော်
အချိန်တွေနေ့ရက်တွေမသတ်မှတ်ထားပါပြုလုပ်တဲ့ရက်ကပြဿဒါးရက်မဖြစ်ရင်ရပါပြီ
လိုအပ်တာကတော့ဖလားရေခွက်သပြေညွန့်၃ရွက်နဲ့သရော်ကင်ပွန်းတစ်ထုပ်
(ခေါင်းလျော်ရည် လည်းရပါတယ်)ပြုလုပ်ရမှာကဖလားထဲကိုရေနဲ့ခေါင်းလျှော်ရည်
(သရော်ကင်ပွန်း)ဆတူမပြည့်တပြည့်လာက်ထည့်ပါ
သပြေညွန့် ၃ရွက်ကိုထည့်ပြီးအောက်ပါဂါထာကို၁၀၈ခေါက်ရွတ်ရင်း
မိမိနေထိုင်ရာအိမ်ခြံမြေ ပတ်ပတ်လည်ကိုသပြေခက်ဖြင့်ရေတို့ထိရင်း ပက်ဖြန်းလိုက်ပါဂါထာတော်
ဥုံသတ္တံသတ္တံဝလံပိတောဒယာဒယာဝီရာဗုဒ္ဓေါသက်ကတ်တံဘာဝန်တိယဝစ
ဒီပို့စ်ကိုအစဆုံးဖတ်သူတွေကိုကျေးဇူးတင်ပါတယ်ဆက်လက်၍ဖတ်ရှူ့ကြည့်ပါဦးနော်
တရားရစေတဲ့လူ (၅)ဦးကိုတင်ပြပေးပါမယ်
(၁) လေးစားမှုဆိုတာကိုနားမလည်တဲ့သူမျိုးပါဒီလိုလူမျိုးနဲ့တွေ့တော့ဒေါသကိုထိန်းချုပ်နိုင်လေတရားရလေပါပဲ
(၂) သည်းခံတတ်ခြင်းမရှိတဲ့သူမျိုးပါဒီလိုလူမျိုးနဲ့တွေ့တော့ခန္ဓီပါရမီကိုပို၍နားလည်နိုင်တာပါပဲ
(၃)သစ္စာနဲ့ဂတိတည်ခြင်းမရှိတဲ့သူမျိုးပါဒီလိုလူမျိုးနဲ့တွေ့တော့ပုထုဇဉ်တွေသဘောပို၍သိလာတာပါပဲ
(၄)ဖြစ်လိုတဲ့ဆန္ဒပြင်းပြပြီဒေါသကြီးတဲ့သူမျိုးပါဒီလိုလူမျိုးနဲ့တွေ့တော့ပိုပြီးသည်းခံတတ်လာတာပါပဲ
(၅)ရလိုတာပဲကြည့်ပြီးနှစ်ဖက်မျှမတွေးတတ်တဲ့သူမျိုးပါ
ဒီလိုလူမျိုးနဲ့တွေ့တော့ပိုပြီးနားလည်တတ်လာပါပဲ