၃ မိနစ်ရေနွေးအိုးပျက်လို့ လွှင့်မပစ်နဲ့ ဒီအတိုင်းပြင်ပြီးသုံးလိုက်ပါ

Knowledge
Spread the love

သုံးမိနစ် လျှပ်စစ် ရေနွေး အိုး ပျက်ရင် ပစ်မထားနဲ့အခုလိုပြင်သုံးရင် အများကြီးသုံးလို့ရတယ်။

လူသုံးများနေတဲ့ဖော်ပြပါ သုံးမိနစ် လျှပ်စစ်ရေနွေးအိုးတွေဟာ လပိုင်းနဲ့ ပျက်စီး ပြီး စက္ကူ အဟောင်းရောင်းတဲ့ဆိုင်တွေမှာ

အချိန်ဈေးနဲ့ လာရောင်းထားတာအများကြီးတွေ.နေရလို့ ပြုပြင် အသုံးချတဲ့နည်းကိုရေးပြလိုက်ပါတယ်။

 

အခုလို ပြုပြင်ပြီး ကျနော်ကိုယ်တိုင်လက်တွေ့ သုံးနေတာ ၂ နှစ်နီးပါရှိနေပြီး ဖြစ်တယ် ၊မူလ အသစ်ထက်စိတ်ချစွာ အသုံပြုနိုင်တဲ့နည်းပါ။

ရေနွေးအိုး အများစု ဟာ power supply. ခေါ် လျှပ်စစ် ကို အောက်ဖက် အဝိုင်းနေရာက ကြွေးပါတယ် ၊ အဲ့ဒီနေရာ မှာတပ်ဆင်ထားတဲ့ terminal ကြေးပြားလေးတွေဟာ အလွန်

ပါးပြီးအသုံးပြု တာ ကြာလာရင် အပူဒဏ်ကြောင့် ပျက်စီး ကာ ငုတ်နှစ်ခုမထိ တော့ဘဲ လျှပ်စစ်ဓာတ်မစီးနိုင်ကာ ရေနွေး ကျိုမရဖြစ်တဲ့ဘဝကိုရောက်ရပါတယ်။

အဲသည်တော့ power supplyပေးတဲ့လမ်းကြောင်းအသစ်ထွင်ပြီး တပ်ပေးလိုက်ရင်အကောင်းဖြစ်သွားပါတယ်။

(အိုးအများစုက အောက်ဖက်မီးအဝင်နေရာပျက်ကြလို့ပါ)၊ပိုပြီးသေချာခြင်ရင် AVO မီတာနဲ့အောက်ဖက်က အပူပေးကွိုင်ကို ထောက်တိုင်းလို့ အချက်ပြရင် ကွိုင်ကောင်း တာပါဘဲ။