(၅)မိနစ်အတွင်း နုပျိုသွားစေဖို့ ကြက်ဥ အကာနဲ့ပေါင်းတင်နည်း

Knowledge Lifestyle
Spread the love

ဒီနေ့ခေတ်မှာ အရွယ်တင်နုပျိုဖို့ ခေတ်မီ နည်းပညာတွေ အများအပြားအသုံးပြုလာကြပါတယ်။

Plastic Surgeon လုပ်တာတွေကလည်း အရမ်းကို ခေတ်စားနေတာပါ။

ဒါပေမဲ့လည်း သဘာဝကပေးတဲ့ အလှတရားအပေါ် တန်ဖိုးထားတဲ့သူတွေလည်းရှိနေပါသေးတယ်။

အိုမင်းရင့်ရော်မှုကိုဖြစ်စေတဲ့အရေးကြောင်းတွေကို သက်သာစေဖို့

ကြက်ဥကိုအသုံးပြုပြီး သဘာဝနည်း အတိုင်း ပေါင်းတင်နိုင်ပါတယ်။

ပါဝင်ပစ္စည်း

ကြက်ဥ အကာ ၁ လုံး

သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁/၂

ပြင်ဆင်ခြင်း

ကြက်ဥ အကာ ကို ခွက်တစ်လုံးထဲထည့်ပြီး သေချာမွှေပေးပါ။

အဲဒီနောက် သံပုယိုသီးရည် ကိုထည့်ပြီး နောက်ထပ် မိနစ်အနည်းငယ်လောက် မွှေပေးပါ။

ပြုလုပ်နည်း

မျက်နှာပေါ်မလိမ်းခင် မျက်နှာသစ်ပါ။ လည်ပင်းကိုလည်း ရေနဲ့ ဆေးပေးပါ။

အဲဒီနောက် လက်ကိုလည်း စင်ကြယ်အောင်ဆေးပါ။ အစောပိုင်းက လုပ်ထားတဲ့ ကြက်ဥအကာနဲ့

သံပုယိုရည်အရောကို မျက်နှာပေါ်မှာ ညင်ညင်သာသာလေး ပွတ်လိမ်းပေးပါ။ အဲဒီနောက် ၅ မိနစ်ကနေ ၁၀ မိနစ်ထိထားပါ။

ရေနွေး (သို့) ရေအေးနဲ့ မျက်နှာသစ်ပါ။

နောက်ဆုံးမှာတော့ မိမိကြိုက်နှစ်သက်တဲ့ Moisturizer ကိုလိမ်းလို့ရပါပြီ။

တစ်ပတ်ကို ၃ ကြိမ် ၄ ကြိမ်လောက်ပြုလုပ်နိုင်ရင် အကောင်းဆုံးပါပဲ။ သံသယမဖြစ်လိုက်ပါနဲ့နော်။

အံ့အားသင့်စရာကောင်းတဲ့ အကျိုးရလဒ်တွေကို ရရှိနိုင်ကြပါစေ။