AB သွေးပိုင်ရှင်လေးတွေရဲ့ ခန့်မှန်းရခက်တဲ့ အတွင်းစိတ်ထား(၁၀)မျိုး

Knowledge
Spread the love

AB သွေးပိုင်ရှင်လေးတွေရဲ့ ခန့်မှန်းရခက်တဲ့ အတွင်းစိတ်ထား(၁၀)မျိုး

AB သွေးလေးတွေဟာ သွေးအမျိုးအစားတွေအားလုံးထဲမှာ အရှားပါးဆုံး သွေးအမျိုးအစားဖြစ်ပါတယ်။ အနေအေးပြီး တည်ငြိမ်တဲ့ AB သွေးလေးတွေရဲ့ အတွင်းစိတ်ကိုနားလည်နိုင်ဖို့အတွက် ဒီစာလေးကိုဖတ်ကြည့်လိုက်ပါနော်။

(၁) အေဘီသွေးလေးတွေဟာ သူငယ်ချင်းကောင်းတွေပါ။ ဘယ်လောက်ပဲ နစ်နာနေပါစေ ဘယ်တော့မှ သူငယ်ချင်းတွေအပေါ်ကို အပြစ်မပြင်သလို၊ သစ္စာလည်းမပျက်ပါဘူး။

(၂) အေဘီသွေးတွေဟာ မုန်းပြီဆိုရင် တစ်ချက်တောင်လှည့်မကြည့်တတ်တဲ့သူတွေပါ။ ကလဲ့စားချေတတ်တဲ့သူတွေတော့မဟုတ်ပေမယ့် ဥပေက္ခာပြုတတ်တဲ့သူတွေပါ။

(၃) အေဘီသွေးလေးတွေမှာ အနုပညာဒါမှမဟုတ် တခြားပင်ကိုယ်အရည်အချင်းလေးတွေရှိပြီး သူများတွေထက် ထူးချွန်လေ့ရှိပါတယ်။

(၄) အေဘီသွေးလေးတွေဟာ သူတို့စိတ်ဝင်စားတဲ့အရာကလွဲပြီး ကျန်တဲ့အရာတွေကို ရွှေထွက်နေရင်တောင် လှည့်မကြည့်တတ်တဲ့သူတွေပါ။ စိတ်ဝင်စားပြီဆိုရင် အစွမ်းကုန်ကြိုးစားအားထုတ်တတ်တဲ့သူတွေပါ။

(၅) စိတ်ကူးအရမ်းယဉ်တတ်တဲ့သူတွေဖြစ်တာကြောင့် လက်တွေ့မှာအနည်းင ယ်အားနည်းတတ်ကြပါတယ်။ အဓိကကတော့ ပြိုင်ဆိုင်လိုတဲ့စိတ်မရှိတာပါပဲ။

(၆) အေဘီသွေးလေးတွေဟာအမြဲတမ်း လန်းနေတဲ့သူတွေပါ။ အေဘီသွေးတော်တော်များများဟာ ရုပ်ချောကြသလို ရုပ်မချောသည့်တိုင် ဆွဲဆောင်မှုရှိတဲ့သူတွေပါ။

(၇) အေဘီသွေးလေးတွေဟာ ကိုယ့်ကိစ္စမှာသူများဝင်ပါတာလုံးဝမကြိုက်ပါဘူး။ အမိန့်ပေးတာ၊ အတင်းခိုင်းတာမျိုး လုံးဝမကြိုက်ပါဘူး။ စိတ်မပါရင် ဘာမှမလုပ်ပါဘူး။

(၈) အေဘီသွေးလေးတွေဟာ ဘယ်ကိစ္စကိုမဆို လေးလေးနက်နက်တွေးခေါ်တတ်တဲ့သူတွေပါ။ ဘယ်အရာကိုမဆို အလေးထားတတ်လွန်းလို့ စိတ်အပင်ပန်းရဆုံးသူတွေပါ။

(၉) အေဘီသွေးလေးတွေဟာ ချစ်သူအပေါ်မှာ အရမ်းသစ္စာရှိတဲ့သူတွေပါ။ တစ်ယောက်ဆိုတစ်ယောက်ပဲ စွဲစွဲမြဲမြဲချစ်တတ်သူတွေဖြစ်ပြီး ချစ်သူကိုဘယ်တော့မှ သစ္စာမဖောက်တတ်ပါဘူး။

(၁၀) အေဘီသွေးလေးတွေဟာ စိတ်ဓာတ်အရမ်းပြတ်သားပါတယ်။ ဒါကြောင့် လူမှုရေးမှာ အရှုပ်အရှင်း လုံးဝကင်းပါတယ်။