BABY POWDER ကို တစ်အိမ်လုံးအကျိုးရှိရှိအသုံးချနိုင်မယ့်နည်းလမ်း(၇)မျိုး

Knowledge
Spread the love

အိမ်တိုင်း အိမ်တိုင်းမှာ ကလေးရှိရှိမရှိရှိ baby powder လေးတွေကိုဆောင်ထားတတ်ကြမှာပါ။ baby powder က ချွေးနံ့ပျောက်ဖို့အပြင် တခြားအသုံးဝင်တဲ့နေရာတွေအများကြီးရှိပါသေးတယ်။ baby powder လေးတွေကို အိမ်မှာ ဒီလိုလေးတွေအသုံးချကြည့်လိုက်နော်။

၁။ ခေါင်းလျှော်ဖို့ အချိန်မရှိတဲ့အခါ

freepik by freepikဆံပင်တွေအဆီပြန်နေပြီးခေါင်းလျှော်ဖို့အချိန်မရှိတဲ့အခါမျိုးမှာ baby powderအနည်းငယ်ကို ဦးရေပြားပေါ် ဖြူးပေးပြီး ခေါင်းဖြီးလိုက်ရင် ခေါင်းလျှော်ထားသလို ဆံပင်လေးတွေသန့်သွားပါလိမ့်မယ်။ အိမ်မှာ ခွေးလေး၊ကြောင်လေးတွေအနံ့နံနေပြီး ရေချိုးပေးဖို့ အချိန်မရှိသေးရင် baby powder လေးနဲ့ ဖြူးပေးလိုက်ပါ အနံ့ဆိုးတွေပျောက်သွားပါလိမ့်မယ်။

၂။ ပုရွက်ဆိတ်တွေပြေးအောင်

shutterstock By Cherkasအိမ်မှာပုရွက်ဆိတ်တွေလာရင် ပုရွက်ဆိတ်တွေလာတဲ့လမ်းကြောင်းကို baby powder လေးဖြူးထားပေးလိုက်ရင် ပုရွက်ဆိတ်တွေ ပြေးသွားပါလိမ့်မယ်။

၃။ အသားအရေအစိုဓာတ်ထိန်းဖို့

ခြေဖနောင့်ကွဲတာအတွက် အစိုဓာတ်ထိန်းဖို့ baby powder ကိုသုံးပေးပါ။ ခြေဖနောင့်ကွဲတဲ့သူတွေက ခြေထောက်ကိုသန့်နေအောင်ရေဆေးပြီးရင် baby powder လေးနဲ့ လိမ်းထားပေးလိုက်ရင် ယားယံတာခြောက်သွေ့တာတွေ သက်သာလာပါလိမ့်မယ်။

၄။ အဝတ်အစားတွေအနံ့ဆိုးကင်းအောင်

freepik by freepikအဝတ်ဗီရိုထဲမှာလှောင်ပိတ်ပြီး အဝတ်အစားမှာ အနံ့ဆိုးတွေစွဲနေတယ်။ ပရုတ်လုံးလည်းမသုံးချင်ဘူးဆိုရင် ဗီရိုထောင့်လေးတွေမှာ ပေါင်ဒါအနည်းငယ်ဖြူးထားပေးလိုက်ပါ။ အဝတ်အစားအနံ့ဆိုးတွေကင်းဝေးစေပါလိမ့်မယ်။

၅။ အပင်တွေမပုပ်အောင်

shutterstock By ABO PHOTOGRAPHYအပင်စိုက်တာဝါသနာပါသူတွေအနေနဲ့ ကိုယ်စိုက်ထားတဲ့အပင်လေးတွေ အမြစ်ပုပ်တာမျိုးမဖြစ်စေဖို့ အပင်စိုက်တဲ့အခါ အမြစ်ကိုပေါင်ဒါလေးနည်းနည်းဖြူးပေးပြီးမှစိုက်ပေးပါ။

၆။ အရေပြားယားယံတာတွေသက်သာအောင်

ခြေသလုံးမွေး၊ ချိုင်းမွေးတွေရိတ်ပြီးတဲ့အခါ အရေပြားယားယံတာမျိုး၊ နှင်းခူ၊ပွေး စတာတွေကြောင့် အရေပြားယားယံတာမျိုးတွေသက်သာအောင် ယားယံတဲ့နေရာမှာ baby powder နည်းနည်းလိမ်းပေးပါ။ ၇။ ဖိနပ်အသစ်ဝတ်တဲ့အခါခြေထောက်မနာအောင် ဖိနပ်အသစ်စဝတ်တဲ့နေ့မှာ ခြေထောက်နဲ့ဖိနပ် အံဝင်ခွင်ကျမဖြစ်ဘဲ ခြေထောက်နာတတ်ပါတယ်။ ဒီလိုမဖြစ်ဖို့ ဖိနပ်မစီးခင် ခြေထောက်ကိုပေါင်ဒါအနည်းငယ်လိမ်းပေးပြီးမှ ဖိနပ်စီးပါ။