အင်းလေးကန် ပေါ်ပေါက်လာပုံ သမိုင်း
ဘူမိဘေဒ ပညာရှင်များ၏ သင်ကြားချက် အရဆိုလျှင် ရှမ်းကုန်းမြေမြင့် ဒေသသည် (Lime stone) ခေါ် ထုံးကျာက်များ ပေါ်ကြွယ်ရာ ဒေသဖြစ်သည်။မိုးများအဆက်မပြတ် ရွာသွန်း ရာတွင် ထုံးကျောက်များ အရည်ပျော်ရာမှ ဖြစ်ပေါ်လာသောပျော်ဝင်ကန် (solution lake) ဖြစ်သည်ဟု ဆိုကြ၏။ တစ်ချို့သော ဘူမိဗေဒ ပညာရှင်များကလည်း အင်းလေးကန်သည် ထုံးကျောက်များကို ရေတိုက် စားခြင်းဖြင့် ရေတိုက်စား ခံရသော နေရာများတွင် ချိုင့်ဝှမ်း ဖြစ်ပေါ်လာ သောထုံး ကျောက်အိုင် ဟူ၍ ဆိုကြ၏။ တဖန်တစ်ချို့သော ပညာရှင်များက အင်းလေးကန်၏ တဖက်တချက်ရှိ အက်ကြောင်းကြီး နှစ်ခု၏ အလယ်ထုအာက်သို့ လျှောကျမှုကြောင့်(ထုပြတ်ရွေ့ Block Faulting) ဖြစ်ပေါ် လာသောရေအိုင်ဟူ၍ လည်းဆိုကြ၏။ မည်သို့ပင်ဆိုစေကာမူအင်းလေးကန်ကြီးသည်လွန်ခဲ့သောနှစ်၁ဝသန်းခွဲလောက်ကပင်ရှိနေပြီဖြစ်သည်။ထိုအချိန်ကာလ၏ ကန်ရေပြင်သည်ယခုမြေမျက်နှာပြင်ထက် ပေပေါင်း၃၀၀ ခန့်မြင့် သည်ဟု […]
Continue Reading