မက်ဆေ့ချ်ပို့တိုင်း သင့်ချစ်သူကောင်မလေးကြွေသွားနိုင်စေမယ့် ချစ်စကားလေးတွေ
တကယ်လို့ သင်က သင့်ချစ်သူကောင်မလေးကိုပျော်ရွှင်စေချင်တယ်ဆိုရင် ချစ်စရာကောင်းတဲ့စကားလေးတွေ ပြောပေးတာလောက် သူမကိုပျော်ရွှင်ကြည်နူးစေနိုင်တာရှိမှာမဟုတ်ပါဘူး။ ချစ်စရာကောင်းတဲ့ စာလေးတကြောင်းက သူမကိုချက်ချင်းပြုံးပျော်သွားစေမှာသေချာပါတယ်။ ကဲဒါဆို ဘယ်လိုချစ်စကားလေးတွေပြောလို့ရလဲ အခုပဲကြည့်ရအောင်။ (၁) ချစ်သူကောင်မလေးကို လှတယ်လို့ပြောပါ မနက်ခင်းအိပ်ယာနိုးလို့ သင့်ချစ်သူကောင်မလေးကို မက်ဆေ့ချ်ပို့တဲ့အခါ “အရမ်းလှတဲ့ကောင်မလေးရေ ကောင်းသောနံနက်ခင်းပါ”ဆိုတဲ့စာလေးပို့လိုက်ရင် သင်တို့နှစ်ယောက်လုံးအတွက် ပျော်စရာမနက်ခင်းလေးတခုဖြစ်စေမှာသေချာပါတယ်။ (၂) မှော်ဆန်တဲ့စကား၃လုံးပြောပါ ဟုတ်ပါတယ်။ ဒီ “I Love You”မှော်ဆန်တဲ့စကားလုံး၃လုံးက သင်သူမကိုခန,ခနပြောဖူးနေကြဖြစ်ပေမယ့်လို့ ပြောတိုင်း သူမကိုအမြဲပျော်ရွှင်စေမှာသေချာပါတယ်။ (၃) သတိရတယ်လို့ပြောပါ သင်ချစ်ရတဲ့သူက သင့်ကိုအရမ်းသတိရတယ်လို့ပြောရင် သင်ဘယ်လိုနေမလဲ? ဒီစာလေးက သင့်ကိုအမြဲပျော်စေမှာပါ။ သင့်အနေနဲ့ ချစ်သူကောင်မလေးကို သတိရတယ်လို့ပြောတဲ့အခါ သူမအနေနဲ့နွေးနွေးထွေးထွေးပျော်ရွှင်ရမှာသေချာပါတယ်။ (၄) ချစ်သူကောင်မလေးကို သူမကြောင့်သင်ဘယ်လောက်ပျော်ရတယ်ဆိုတာပြောပြပါ သင့်ရဲ့ဘဝမှာ သူမရှိနေခြင်းကသင့်အတွက်ဘယ်လိုထူးခြားကောင်းမွန်လဲဆိုတာ အသိပေးပါ။ သူမကို ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာသိအောင် “မင်းမရှိရင် ငါ့ဘဝက ပြည့်စုံမှာမဟုတ်ဘူး” ဆိုတာမျိုးပြောလု့ိရပါတယ်။ […]
Continue Reading