ခြောက်ထောင်နဲ့ ရမလား ခြောက်ထောင်နဲ့ ရရင် ယူမယ် ဆိုတဲ့ မိန်းကလေးရေ ကျေးဇူးပါ

မိန်းကလေး အများစု သိပ်ထူးချွန်တဲ့ နေရာတွေထဲမှာ ဈေးဆစ် တာကလည်း တစ်ခု အပါအဝင် ပဲခင်ဗျ။ အခုလည်း ကြည့်လေတစ်သောင်းနှစ် ထောင်တန်တဲ့ ပစ္စည်းကို တစ်ဝက်ဈေးနဲ့ ခေါက်ချိုး ဆစ်ချနေတာ။ကိုယ့်မှာ တော့ လက်မှာ ရွှေလက် ကောက်တွေ တစ်တောင် လောက် ဝတ်ထားတဲ့ ဆိုင်ပိုင်ရှင် အန်တီကြီးကို ကြည့်ပြီး အားနာလှပြီ။ သူ့လှမ်းကြည့်လိုက်တော့ မျက်နှာက ပြတ်သားနေလိုက်တာ။ခြောက် ထောင်နဲ့ရရင် ယူမယ်၊ မရရင် မယူဘူး ဆိုတဲ့ ဒီဇိုင်း ကိုယ်သူ့ကို အဲ့ဒီလောက်အထိတော့ မလုပ်ပါ နဲ့ဆိုတဲ့။ အားနာစရာ မျက်နှာပေးနဲ့ တချက်ကြည့်ပြီးလက်ကို လှမ်းတို့ပါသေးတယ်။ဒီတော့ သူကလည်း ခေသူတော့ မဟုတ်ဘူးဆရာ ရှင်မသိရင် အသာနေ၊ ဝင်မပါနဲ့၊ ကျမဘာသာကြည့်လုပ်မယ်။ ဆိုတဲ့ မျက်နှာပေးနဲ့ တချက်ပြန်ကဲကြည့်ရင်း ကိုယ့်လက်ကို […]

Continue Reading

သားမက် ညကျရင် ပွဲကြမ်းဖို့ဝယ်ထားတဲ့ ခွေးလျားနက်စေ့တွေကို ယောက္ခထီးကြီးက အကုန်ကြိတ်လိုက်သောအခါ

သားညကျရင် ပွဲကြမ်းဖို့ဝယ်ထားတဲ့ ခွေးလျားနက်စေ့တွေကို ယောက္ခထီးကြီးက အကုန်ကြိတ်လိုက်သောအခါ သားမက်က ညကျရင် ပွဲကြမ်းဖို့ ဝယ်ထားတဲ့ ခွေးလျားနက်စေ့တွေ ကို ယောက္ခထီးကြီးက အကုန်ကြိတ်လိုက်သောအခါ ကျား အားတိုးဆေးထဲမာခွေးလျားနက်စေ့အကြောင်း သိကြမယ်ထင်ပါတယ် ” မကြင်မြ..” ” ဘာတုန်းကိုဆောင်း ” ” ငါ့ ခွေးလှေးယားသီး အနက်စေ့တွေ ဘယ်မတုန်း” ” ဟင်…..ကျုပ်လည်း ဘယ်သိမတုန်း ၊ တော်က ဘယ်မှာထားလို့လဲ ” ” ကြောင်အိမ်ပေါ် တင်ထားတာလေ ”မောင်ဆောင်း အတော်ဒေါသထွက် မိတယ် ဘယ့်နှယ်ဗျာ…ခွေးလှေးယားသီးအနက်စေ့က ကျားခွန်အားတိုးတယ်ဆိုလို့ ဝယ်စားပါတယ် ။ ဘယ်သူမှ မစားလောက်ပါဘူးလေဆိုပြီး ကြောင်အိမ်ပေါ်တင်ထားကာမှ ပျောက်ချင်းမလှပျောက် သွားတော့ ဒေါသမထွက်ပဲရှိမလား ” ငဆောင်း.. ” ဗျာ..အဖေ ” ” […]

Continue Reading

အိပ်ချင်နေတဲ့ တက္ကစီဒရိုင်ဘာအဘကို ပေးအိပ်ပြီး သူကိုယ်တိုင် ကားမောင်ပေးတဲ့ ခရီးသည်မလေး

ဖီလစ်ပိုင်မှာ Christina Tan လို့ အမည်ရတဲ့ အမျိုးသမီးတစ်ဦးဟာ တက္ကစီတစ်စီးကို ငှားစီးခဲ့ပါတယ်။ သူငှားစီးတဲ့ တက္ကစီဒရိုင်ဘာဦးလေးကြီးဟာ အသက် ၇၀ အရွယ် အဘတစ်ယောက်ဖြစ်ပါတယ်။ အဆိုပါ အဘဟာ သူအရမ်းအိပ်ချင်နေတယ်လို့ ကားမောင်းဖို့အတွက်အဆင်မပြေကြောင်းပြောတဲ့အခါ ခရီးသည်အမျိုးသမီးက သူသွားချင်တဲ့နေရာကို သူကိုယ်တိုင်ဘဲ ကားကို မောင်းပြီး တက္ကစီသမားအဘကို ကားနောက်ခန်းမှာ အိပ်ခိုင်းလိုက်ပါတယ်။ ခရီးရောက်တဲ့အခါမှာတော့ တက္ကစီးမောင်းတဲ့ အဘကို ကျသင့်တဲ့ငွေကို ပေးပြီး အသက်ကို မေးလိုက်ပါတယ်။အသက် ၇၀ရှိပြီဆိုတာ သိတဲ့အခါ ကားကို အနားယူပြီးမှ ဆက်မောင်းဖို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အဘဟာ owner ကြေးပေးရတာနဲ့ မိသားစုကို စားဖို့နေရေးအတွက်ရယ် အဆင်မပြေမှာဆိုးတယ်လို့ ပြောခဲ့ပါတယ်။ Christina ရဲ့ အဆိုအရ တက္ကစီသမားအဖိုးဟာ အရမ်းကို ပင်ပန်းနေတဲ့ပုံပေါက်ပြီး အရမ်းလည်း အိပ်ချင်နေပါတယ်။ […]

Continue Reading

အိမ်ခြေမဲ့အဘိုးက ၇နှစ်လုံးလုံး ပိုက်ဆံအတုနဲ့ ခေါက်ဆွဲဝယ်စားနေခဲ့ပေမဲ့ မသိချင်ယောင်ဆောင်ပေးခဲ့တဲ့ ဆိုင်ပိုင်ရှင်

အိမ်ခြေမဲ့အဘိုးက ၇နှစ်လုံးလုံး ပိုက်ဆံအတုနဲ့ ခေါက်ဆွဲဝယ်စားနေခဲ့ပေမဲ့ မသိချင်ယောင်ဆောင်ပေးခဲ့တဲ့ ဆိုင်ပိုင်ရှင် အိမ်ခြေမဲ့အဘိုးက ၇နှစ်လုံးလုံး ပိုက်ဆံအတုနဲ့ ခေါက်ဆွဲဝယ်စားနေခဲ့ပေမဲ့ မသိချင်ယောင်ဆောင်ပေးခဲ့တဲ့ ဆိုင်ပိုင်ရှင်တရုတ်နိုင်ငံ Zhejiang ပြည်နယ် Wenzhou မြို့ရှိ ခေါက်ဆွဲဆိုင်ပိုင်ရှင် အမျိုးသားဟာ အိမ်ရာမဲ့တစ်ဦးအတွက် နွေးထွေးတဲ့ကြင်နာမှုတစ်ခုပြုလုပ်ပေးခဲ့လို့ လူအများက ချီးကျူးဂုဏ်ပြုနေခဲ့ကြပါတယ်။သတင်းဖော်ပြချက်အရ အိုးမဲ့အိမ်မဲ့အဘိုးတစ်ဦးဟာ လက်ဖြင့်ရေးဆွဲထားတဲ့ ဘဏ်ငွေစက္ကူအတုတွေကို အသုံးပြုကာ ခေါက်ဆွဲဝယ်ယူနေခဲ့ပေမဲ့ ဆိုင်ပိုင်ရှင်က သတိမထားမိစေဖို့ ဟန်ဆောင်နေခဲ့ပြီး အဆိုပါအဘိုးအတွက် ခေါက်ဆွဲကို အခမဲ့ ပေးခဲ့ပါတယ်။ခေါက်ဆွဲဆိုင်ပိုင်ရှင်နဲ့ ဇနီးတို့က အဆိုပါအိုးအိမ်မဲ့အဘိုးဟာ သူတို့ရဲ့ဆိုင်မှာ ၇နှစ်ကြာအထိ ခေါက်ဆွဲဝယ်စားနေခဲ့ပြီး သူတို့ဆိုင် အကြိမ်ပေါင်းများစွာ ပြောင်းရွေ့သွားခဲ့တာတောင် အဆိုပါအဘိုးက သူတို့ကို ရအောင်လိုက်ရှာနေခဲ့ကြောင်း ဆိုခဲ့ပါတယ်။ အဆိုပါအဘိုးက ငွေစက္ကူအတုနဲ့ ခေါက်ဆွဲဝယ်စားနေခဲ့ပေမဲ့ တစ်ခါတစ်လေလည်း တစ်ကယ့် ငွေသားအစစ် ၂ ယွမ် ( […]

Continue Reading

ပေါက်စီတစ်ပွဲစာအတွက် ဒေါ်လာ ၁၆ဝဝကျော်တောင် မှားယွင်းစွာပေးခဲ့တဲ့ အမျိုးသမီး

တရုတ်အရှေ့ပိုင်း Suzhou,Jiangsu မှာ အမျိုးသမီးတစ်ယောက် ပေါက်စီတစ်ပွဲမှာစားပြီး ကျသင့်တာထက် ပိုပြီး ယွမ် ၁၁၁၂၂(ဒေါ်လာ ၁၆၁ဝ)တောင် မှားယွင်းစွာပေးမိခဲ့ပါတယ်။ သူမလည်း အမှတ်မထင်ပေးပြီး ထွက်သွားခဲ့သလို ပိုက်ဆံလက်ခံမိတဲ့ ဆိုင်ပိုင်ရှင်လည်း ဒီလောက်များတဲ့ ပိုက်ဆံကိုသတိမထားမိခဲ့ဘူး။ နောက်နေ့ စာရင်းတွက်ကြည့်တော့မှ တစ်ပွဲစာအတွက် ပိုနေတဲ့ ပိုက်ဆံတွေကို သေချာစစ်မိတော့တယ်။ ဖြစ်ချင်တော့ စားသုံးသူအမျိုးသမီးဟာ ကျသင့်ငွေကို We Chat Pay နဲ့ ရှင်းသွားတာပါတဲ့။ အဲ့ဒါနဲ့ ပိုနေတဲ့ပိုက်ဆံတွေ ဘယ်လိုပြန်ပေးရမှန်းမသိတာနဲ့ ရဲကနေပဲ တစ်ဆင့် ထိုအမျိုးသမီးကို ပြန်လည်ရှာဖွေဖို့ အကူညီတောင်းခဲ့ပါတယ်။ ရဲတွေမှာလည်း စီစီတီဗီထဲက အမျိုးသမီးကို အပြင်မှာရှာတွေ့ဖို့ဆိုတာ မလွယ်ကူခဲ့ဘူး။ အဲ့ဒါနဲ့ ဆိုင်ပိုင်ရှင်က အင်တာနက်မှာ သူမရဲ့ဆိုင်မှာ ပိုက်ဆံမှားယွင်းမှုဖြစ်ပွားခဲ့ကြောင်း ပို့စ်တင်ရှာလိုက်ကြပါတယ်။ အင်တာနက်ရဲ့ကျယ်ပြန့်မှုက တကယ်အသုံးဝင်ခဲ့ပါတယ်။ စားသုံးသူအမျိုးသမီးကို ဆိုင်ကို […]

Continue Reading

အမေ့ဗိုက်ထဲမှာတည်းက ရန်ဖြစ်နေကြတဲ့ အမြွာညီအစ်မ (ရုပ်သံ)

အမြွာပူးမွေးတာက တစ်ခါတည်းနဲ့ နှစ်ယောက်ရတယ်ဆိုပေမဲ့ တစ်ဘက်က ပြန်တွေးရင် ခေါင်းကိုက်စရာ လူသတ္တဝါလေးနှစ်ယောက် တစ်ပြိုင်နက်ရောက်လာတာပါပဲ။ အပြင်လောက ရောက်ရင် ဘယ်လိုလဲမသိပေမဲ့ အမေ့ဗိုက်ထဲမှာတည်းက ရန်ဖြစ်နေတဲ့ အမြွာညီမနှစ်ယောက်ကတော့ အင်တာနက်မှာ ရေပန်းစားခဲ့ပါတယ်။ တရုတ်လူမျိုးမိခင်လောင်းတစ်ယောက်ဟာ အာထရာဆောင်းရိုက်စဉ်မှာ ဗိုက်ထဲက အမြွာလေးနှစ်ယောက်က အချင်းချင်း ထုရိုက်ကန်ကြောက်နေတဲ့ပုံစံမျိုး မြင်လိုက်ရပါတယ်။ အမြွာလေးတွေရဲ့ အဖေ Tao ကတော့ ဒါကိုမြင်ပြီး ဗီဒီယို ရိုက်ထားခဲ့ပါတယ်။ မွေးမလာသေးတဲ့ သမီးလေးတွေက တစ်ချီပြီးတစ်ချီ လက်ဝှေ့ထိုးနေသယောင် အမူအရာကို တွေ့လိုက်ရတာ ချစ်ဖို့ကောင်းတယ် လို့ Tao က ဆိုပါတယ်။ ဗီဒီယိုကို အင်တာနက်ပေါ်တင်လိုက်ချိန်မှာတော့ ချက်ချင်းဆိုသလိုပျံ့သွားခဲ့ပြီး like (၂) သန်းကျော် နဲ့ comments (၈၀,၀၀၀) ရရှိခဲ့ပါတယ်။ သမီးနှစ်ယောက်ကိုတော့ မိခင်ဖြစ်သူရဲ့ အကြိုက်ဆုံး အသီးဖြစ်တဲ့ […]

Continue Reading

အခုတလော နာမည်ကြီးနေတဲ့ ဂျပန်အမျိုးသားရဲ့လက်ထပ်ခွင့်တောင်းတဲ့ ဗီဒီယိုလေး

သြစတေးလျ Brisbane က ရှောပင်းစင်တာရှေ့မှာ အမိုက်စား proposal လေးတစ်ခုပြုလုပ်သွားခဲ့ပါတယ်။ ဂျပန်အမျိုးသား Motonori Kan ဟာ မေလ ၅ရက်နေ့က (၅)နှစ်ကြာတွဲလာတဲ့ ချစ်သူဖြစ်သူ Emi Miyazaki ကို လက်ထပ်ခွင့်တောင်းခဲ့တာပါ။လက်ထပ်ခွင့်တောင်းပွဲလေး အောင်မြင်စွာကျင်းပနိုင်အောင် Mad Dance House က dancer လေးတွေ ကူညီအားဖြည့်ပေးခဲ့တာဖြစ်ပါတယ်။ သူတို့ကတာပြီးတဲ့အထိ အနားမှ ဈေးဝယ်သူတွေကလည်း အားပေးကြည့်ရှုခဲ့ကြတယ်။ နောက်ဆုံးမှ လက်ထပ်ခွင့်တောင်းတဲ့သူက ပေါ်လာပြီး သူ့ချစ်သူကောင်မလေးကို လက်ဆန့်တန်းပြပါတယ်။ ကောင်မလေးကတော့ ရှက်လည်းရှက် ၊ ပျော်လည်း ပျော်ပေါ့။ နောက်ဆုံး သူမကYes လို့ ပြောလိုက်တဲ့အချိန်မှာ အားလုံးက ဝိုင်းအော် အားပေးကြတယ်။ ” dancer လေးတွေ ကနေတာပဲဆိုပြီး ဒီတိုင်း ကျွန်မကြည့်နေတာ..နောက်တော့ Moto […]

Continue Reading

အခါအခွင့်သင့်တုန်း သခင်ကို ကျေးဇူးဆပ်ခွင့်ရလိုက်တဲ့ လမ်းဘေးခွေးလေးရဲ့ ဖြစ်ရပ်

အခါအခွင့်သင့်တုန်း သခင်ကို ကျေးဇူးဆပ်ခွင့်ရလိုက်တဲ့ လမ်းဘေးခွေးလေးရဲ့ ဖြစ်ရပ် ခွေးတွေဟာ လူတွေအတွက် သစ္စာရှိတဲ့ သူငယ်ချင်းကောင်းတွေပါ။ ခွေးလေးတွေကို ကျွေးမွေးစောင့်ရှောက်ပြီး မေတ္တာပြခဲ့ရင် သူတို့လေးတွေဟာ အသက်ကိုတောင် မငဲ့ပဲ လူတွေကို ကျိုးနွံစွာ ပြန်လည်စောင့်ရှောက်တတ်ပါတယ်။ မက္ကစီကိုနိုင်ငံ တာမိုလီပက်စ်ပြည်နယ်က ဂက်စ်ဆိုင်တစ်ဆိုင်မှာလည်း လမ်းဘေးခွေးတစ်ကောင်ရဲ့ လူသားတွေအပေါ်မှာ ထားတဲ့ သစ္စာစောင့်သိမှုကို အခုလိုတွေ့ရပါတယ်။ တစ်နေ့မှာ ခန္ဓာကိုယ်ကြုံလှီနေရှာတဲ့ ခွေးလေးတစ်ကောင်ဟာ ဂက်စ်ဆိုင်တစ်ဆိုင်နားကို ရောက်လာခဲ့ပါတယ်။ သူ့ကြည့်ရတာ ကြောက်နေပုံရပြီး မစားရမသောက်ရနဲ့ ပိန်လှီနေတာမို့ ဂက်စ်ဆိုင်က သနားပြီး အစာရေစာကျွေးကာ မွေးထားခဲ့ပါတယ်။ ခွေးကိုတော့ ရမ်ဒီလို့ အမည်ပေးထားခဲ့ပါတယ်။ ဂက်စ်ဆိုင်ပိုင်ရှင် ဂျီရာဒိုအာဂွီလာက သူ့ဝန်ထမ်းတွေဟာ ရမ်ဒီရဲ့ယုံကြည်လေးစားမှုကို တဖြည်းဖြည်း ရယူနိုင်ခဲ့ကြောင်း ဆိုပါတယ်။ ခွေးလေး ရမ်ဒီကို အစာေျကျွး၊ ရေချိုးပေးတဲ့အပြင် ရောဂါကာကွယ်ဆေးလည်း ထိုးပေးခဲ့ပါတယ်။ […]

Continue Reading

တစ်ရွာလုံးနီးပါး ကျောက်ကပ်တွေ ထုတ်ရောင်းခဲ့တာကြောင့် ကျောက်ကပ်ရွာလို့ အမည်တွင်သွားတဲ့ရွာ

နီပေါနိုင်ငံမှာရှိတဲ့ ကျေးရွာတစ်ရွာဟာ ခန္ဓာကိုယ်မှာရှိတဲ့ ကျောက်ကပ်တွေကို ရောင်းထုတ်ပြီး ငွေရှာခဲ့တာကြောင့် စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။ ဒီကျေးရွာမှာ နေထိုင်ကြတဲ့ အရွယ်ရောက်သူအားလုံးဟာ ကျောက်ကပ်တွေ ရောင်းထုတ်ခဲ့တာကြောင့် ရွာအမည်ကို ကျောက်ကပ်ရွာလို့တောင် အမည်ပေးထားပါတယ်။ ဟော့ဆီလို့ အမည်ရတဲ့ ရွာလေးမှာ နေထိုင်သူတွေဟာ ခန္ဓာကိုယ်အတွင်းပိုင်း ကလီစာတွေကို မှောင်ခို ရောင်းချနေသူတွေရဲ့ ဆွဲဆောင်မှုကြောင့် ကျောက်ကပ်တွေ ရောင်းထုတ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုရောင်းထုတ်တဲ့အထဲမှာ အသက် (၃၇)နှစ်အရွယ်အမျိုးသမီး ဂီတာလည်း ပါဝင်ခဲ့ပါတယ်။ ယောက်မဖြစ်သူရဲ့ ဆွဲဆောင်မှုကြောင့် ကျောက်ကပ်ကို ရောင်းချခဲ့ခြင်း ဖြစ်ပါတယ်။ ကျောက်ကပ်ခွဲထုတ်မှုကို အိန်္ဒိယနိုင်ငံမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဟော့ဆီရွာဟာ မြို့တော် ခတ္တုမန္ဒူ ကနေ (၁၂)မိုင်သာဝေးတဲ့ နေရာမှာရှိနေတာပါ။ ဂီတာဟာ ကျောက်ကပ်ကို ရောင်းခဲ့တာကြောင့် ပေါင်( ၁၂၀၀) ရရှိခဲ့ပါတယ်။ ရလာတဲ့ငွေကြေးကို နေအိမ်တစ်လုံး တည်ဆောက်ခဲ့ပါတယ်။ ဒါပေမဲ့ […]

Continue Reading

သေဆုံးသွားတဲ့အခါ သမီးလေး ကြောက်နေမှာဆိုးလို့ ကျင်းတူးပြီး သွေးရောဂါသည် သမီးလေးနဲ့ အတူဆော့ပေးနေတဲ့ ဖခင်

သေဆုံးသွားတဲ့အခါ သမီးလေး ကြောက်နေမှာဆိုးလို့ ကျင်းတူးပြီး သွေးရောဂါသည် သမီးလေးနဲ့ အတူဆော့ပေးနေတဲ့ ဖခင် ချစ်ပရိသတ်ကြီးရေ ယခုပြောပြသွားမယ့် အကြောင်းအရာလေးကတော့ ဖခင်ဖြစ်သူအတွက် စိတ်မကောင်းဖြစ်စရာအကြောင်းလေးပဲ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်လေးဟာ တရုတ်နိုင်ငံ Neijiang မှာ နေထိုင်တဲ့ Zhang အမည်ရှိ အမျိုးသားမှာ သနားစရာ ၂ နှစ်သမီးလေး တစ်ဦးရှိပါတယ်။သမီးလေး Zhang Xunlei ဟာ မွေးပြီး ၂ လအကြာပဲ သွေးနဲ့ပတ်သတ်တဲ့ သာယာစီမီးယားရောဂါ ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သမီးလေးခံစားနေရတဲ့ သွေးရောဂါဟာ ဆေးပညာအရ Stage အမျိုးမျိုးရှိပြီး ကုသဖို့အတွက်လည်း အရမ်းကိုခက်ခဲပါတယ်။ အဆိုပါ သွေးရောဂါဟာသမီးလေးအတွက် နောက်ဆုံးအဆင့်ဖြစ်နေခဲ့ပြီး မကြာခင်မှာ အချိန်မရွေး အသက်သေဆုံးနိုင်ပါတယ်။ သမီးလေးရဲ့ ဖခင်ဖြစ်သူ Zhang ဟာ လယ်လုပ်တဲ့ လယ်သမားတစ်ယောက်ဖြစ်ပြီး […]

Continue Reading

ချစ်သူဖြစ်သူကို စိတ်မချလို့ အဝလွန်အောင် ပြုလုပ်ခဲ့

တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်ဒေသမှာ နေထိုင် တဲ့ ယူပန်ဟာ ချစ်သူဖြစ်သူကို စိတ်မချလို့ အဝလွန်အောင်ပြုလုပ်ခဲ့တယ်လို့ ချိုင်းနား ဒေးလီးသတင်းတစ်ရပ်မှာ ရေးသားဖော်ပြ ထားခဲ့ပါတယ်။ ယူပန်မှာ အရမ်းလှပ ချောမောတဲ့ ယန်တန်အမည်ရှိ အမျိုးသမီး ချစ်သူတစ်ဦး ရှိပါတယ်။ ယူပန်ဟာ ယန်တန်နဲ့ ချစ်ကြိုက်နေ တာ (၂) နှစ်နီးပါးရှိနေပြီဖြစ်ပါတယ်။ ယူပန်ရဲ့ချစ်သူ ယန်တန်ဟာ အစောပိုင်းမှာ ကိုယ်အလေးချိန် (၉၈) ပေါင်သာ ရှိခဲ့တာဖြစ်ပါတယ်။ ယန်တန်ရဲ့ ပုံစံဟာ ပြေပြစ် ချောမော လှပလွန်းတာမို့ ယူပန်က စိတ်မချနိုင်အောင် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ယူပန်ဟာ ချစ်သူဖြစ်သူ ယန်တန်ကို အဝလွန်အောင် ပြုလုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒီနောက် အဝလွန်တဲ့ အစားအစာတွေကိုပဲ အဆက်မပြတ် ကျွေးမွေးခဲ့ပါတယ်။ အကျိုးဆက် ကတော့ ယန်တန် […]

Continue Reading

မရမက နေရာကျဉ်းကျဉ်းလေးထဲ ဆောက်ထားတဲ့ အိမ်လေးကို ကြွားပြလိုက်တဲ့ အမျိုးသမီး

အိမ်သေးသေး၊ အခန်းကျဉ်းကျဉ်းကလေးတွေက ခုခေတ်မှာတော့ ရေပန်းစားလာတယ်လို့ ဆိုလို့ရပါတယ်။ နေမယ့် အိမ်က ကြီးမှ ကျယ်မှ ဖြစ်မယ်ဆိုတဲ့ အရင်က အတွေးဟောင်းတွေကို ခုခေတ်လူတွေ သိပ်အလေးမထားတော့ပါဘူး။ ငွေရေးကြေးရေးက အဓိကမဟုတ်ပါဘူးလို့ ဆိုနိုင်သူတွေအဖို့ အိမ်ကြီးအိမ်ကောင်းတွေ ဝယ်တာက ပြဿနာမရှိပေမယ့် သာမန်လူတန်းစားတွေအဖို့တော့ အိမ်နေရာ ကျဉ်းတာ၊ ကျယ်တာကို အများကြီးရွေးချယ်လို့ မရပါဘူး။ ဥပမာဆိုရရင် ဒီအမျိုးသမီးလိုပေါ့။ ဓာတ်ပုံမှာ တွေ့ရတဲ့ အမျိုးသမီးက အိမ်သေးသေးလေး တစ်လုံးမှာ နေတာပါ။ အိမ်ကလေးက သူမကိုယ်တိုင် ဆောက်ထားတဲ့ ခပ်ကျဉ်းကျဉ်း ရှည်ရှည် အိမ်ကလေးပဲ ဖြစ်ပါတယ်။ အိမ်ကလေးဟာ ဗီယက်နမ်နိုင်ငံမှာ ရှိတယ်လို့ သိရုံကလွဲလို့ အိမ်ပိုင်ရှင်အကြောင်းတော့ သေချာမသိရပါဘူး။ အိမ်ကလေးဟာ အခြားအိမ်သေးတွေနဲ့ ဒီဇိုင်းကွာခြားပြီး သေတ္တာပုံသဏ္ဍာန်ရှိပါတယ်။ တွေ့ရသလောက်တော့ အိမ်ပေါက်ဝမှာ လူတစ်ယောက်စာပဲ အဝင်အထွက်လုပ်လို့ရဟန် […]

Continue Reading