အကြွေးပြန်တောင်းရမှာ အားနာနေသူများအတွက်……
ပိုက်ဆံတစ်ခုတည်းနဲ့ စားဝတ်နေရေးအရာအားလုံး ရပ်တည်နေရချိန်မှာ ကိုယ့်ပိုက်ဆံတွေသူများဆီမှာ အလဟသတ်ပေးထားရတာမျိုး သင်အဖြစ်ခံတော့မလို့လား။ သင့်ဆိုင်မှာအမြဲလာဝယ်နေကျ ဖောက်သည်က အကြွေးမပေးတာပဲဖြစ်ဖြစ်၊ ခင်လို့မင်လို့ ပိုက်ဆံချေးထားတာပဲဖြစ်ဖြစ်၊ ကိုယ်အလုပ်လုပ်ပေးထားတဲ့ ပိုက်ဆံတွေကို အလုပ်ရှင်ဖက်ကမပေးသေးဘဲ ကြန့်ကြာနေတာမျိုးတွေကို သင်တောင်းရမှာ အားနာစိတ်ဖြစ်တတ်တယ်မဟုတ်လား။ ရည်ရှည်ဆက်ဆံရမယ့်လူတွေဖြစ်တာကြောင့် ပိုက်ဆံလေးတစ်ခုတည်းနဲ့ မျက်နှာပျက်စရာတွေ၊ စိတ်ခုစာတွေဖြစ်သွားမှာ စိုးရိမ်တတ်ကြတာသဘာဝပါပဲ။ ဒါပေမဲ့လည်း ကိုယ့်ဖက်ကိုယ်ပြန်စဉ်းစားကြည့်လိုက်တဲ့အခါ ကိုယ့်ပိုင်ဆိုင်မှုတွေ၊ ရှာဖွေထားတဲ့ပိုက်ဆံတွေနဲ့ လုပ်အားခတွေမလို့ သင့်ဆီမှာ တောင်းပိုင်ခွင့် အပြည့်အဝရှိနေတယ်ဆိုတာ မေ့မပစ်ပါနဲ့ဦး။ ဒီအတွက် အကြံပြုချင်တဲ့အချက်လေး ၄ ချက်ရှိတာကြောင့် ဆက်လက်ဖတ်ရှုပေးကြပါဦးနော်။ (၁) တောင်းကြည့်ပါ။ ပိုက်ဆံပေးစရာရှိတဲ့လူတွေက အားမနာဘဲ ပိုက်ဆံရစရာရှိလို့ တောင်းရတဲ့လူတွေကပဲ အားနာကြရတာ ယနေ့ခေတ်ရဲ့ သဘာဝတရားကြီးလို ဖြစ်နေပါပြီ။ တချို့ကျတော့ ကိုယ့်ကိုပေးစရာရှိတာကို အလုပ်တွေများနေလို့ မေ့လျော့နေတာမျိုးတွေရှိတတ်ပါတယ်။ ဒီလိုအခြေအနေအမျိုးတွေမှာ ကိုယ်က ကျွန်တော်/ကျွန်မကို ပိုက်ဆံလေးပေးဖို့ကျန်သေးပါတယ်နော် ဆိုပြီး […]
Continue Reading