လူရယ်လို့ဖြစ်တည်လာပြီးလူလောကထဲမှာကျင်လည်ကြရတဲ့အခါနေ့စဉ်နဲ့အမျှပြုမူလုပ်ဆောင်မှုတွေနှင့်တကွလောဘ、 ဒေါသ、 မောဟတွေကတဆင့်မြစ်ဖျားခံဖြစ်ပေါ်လာခဲ့တဲ့အမျိုးမျိုးသောစိတ်သောကတွေ、 စီးပွားရေးငွေကြေးအခက်အခဲလူမှုရေ ကျန်းမာရေး、 အချစ်ရေး、 ပညာရေးစတဲ့အခက်အခဲဒုက္ခတွေကိုရင် အဲ့လိုအချိန်ခါမှာဗေဒင်ယတြာအစီအမံတွေကိုယုံကြည်အားကိုးသူတွေကတော့ဟိုပန်းတွေဒီအညွှန့်တွေနဲ့သက်ဆိုင်ရာနေ့နံတွေကိုတွက်ချက်ပြီးယတြာချေကြသလို、 နတ်ကိုးကွယ်ယုံကြည်သူတွေကလည်းဆိုင်ရာပိုင်ရာရိုးရာနတ်တွေကိုပူဇော်ပသမှုတွေပြုလုပ်ကြတယ်、 တချို့သောထိုအရာတွေနဲ့အလှမ်းဝေးသူတွေကတော့သူတို့ဒုက္ခတွေကြုံရတဲ့အခါဘာသာရေးကိုတစိုက်မတ်မတ်ပြုမူလုပ်ဆောင်လာကြတယ်。 ဒီအထဲမှာမှအချို့သောသူတွေဟာပဌာန်းဂုဏ်တော်တွေကိုရွတ်ဆိုပူဇော်မှုပြုလုပ်ခြင်း、 ကိုးနဝင်းအဓိဌာန်ဝင်ခြင်းစသည့်ဘာသာရေးဆိုင်ရာတွေကိုကံကောင်းစေလာဖို့အတွက်ပြုလုပ်ကာမှပဲပိုမိုကံဆိုးပြီးအနှောင့်အယှက်များစွာကြုံလာခဲ့ကြတယ်。 သူတို့အနေနဲ့ကလည်းဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်နေလေသည်ကတစ်ကြောင်းတန်ခိုးအရာအစွမ်းထက်ပါတယ်ဆိုတဲ့ပဌာန်းဂုဏ်တော်ကိုရွတ်ဆိုခြင်းနဲ့အဓိဌာန်ပုတီးတွေစိတ်ကာမှပဲပိုပြီးလုံးပါးပါးကုန်တဲ့အဖြစ်ကိုတွေ့ကြရတဲ့အခါမည်သူ့ကိုမှမပြောပဲဒီဘာသာရေးပဲဆက်လုပ်ရမလားရပ်လိုက်ရမလားဝေခွဲမရဖြစ်ကြရပါတယ်。 တစ်ချို့သောလူတွေကျပဌာန်းတော့မရွတ်ဖူးဒါပေမယ့်ဘာသာရေးဆိုင်ရာအခြားသောဂုဏ်တော်ရွတ်ဖတ်မှုတွေလုပ်ပေမယ့်လည်းကံကောင်းလာခြင်းမရှိဖြစ်ကြရပါတယ်。 ကျွန်တော်/ကျွန်မအနေနဲ့ဘာသာရေးကိုဘယ်လိုလုပ်ကြောင်းဘုရားတရားဂုဏ်တော်တွေဘယ်လိုစီးဖြန်းပါကြောင်းသို့ပေမယ့်အဆင်မပြေဆုတ်ယုတ်နေတယ်ဆိုတာတွေကြားရကြုံရဖန်များလာလေတော့ထိုကိစ္စကိုအချိန်ယူပြီးလေ့လာမှတ်သားခဲ့ရတဲ့ဆရာတော်ကြီးတွေရဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ဆုံးမသြဝါဒတွေကိုပြန်လည်လေ့လာသုံးသပ်ကြည့်တဲ့အခါအဖြေကိုသိခဲ့ရပါတယ်。 တကယ်တော့လူအတော်များများဟာဘာသာရေးလုပ်ဆောင်မှုလုပ်တဲ့အခါအရေးကြီးတဲ့အချက်လေးတွေကိုမေ့လျော့ခဲ့ပြီးမှားနေခဲ့ကြလို့ပါပဲ。ဒီလိုနဲ့ပဌာန်းဂုဏ်တော်တွေနဲ့တကွမည်သည့်ဂုဏ်တော်တွေကိုပဲမဆိုရွတ်ဆိုစီးဖြန်းတော့မယ်ဆိုရင်ကံဇာတာတွေကောင်းမွန်အောင်、 အခက်အခဲတွေပြေလည်အောင်ဘယ်လိုဘယ်ပုံရွတ်ဆိုပူဇော်ရမလဲလို့စဉ်းစားတဲ့အခါကျေးဇူးတော်ရှင်(နဝမ)ဗန်းမော်ဆရာတော်ဘုရားကြီးပြောဖူးတာလေးကိုသွားသတိရခဲ့တယ်。ဒါ့ကြောင့်ဂုဏ်တော်တွေစီးဖြန်းတော့မယ်ဆိုရင်。 。 。 。 (၁)အရင်မျက်နှာသစ်ခြေထောက်လက်ဆေးရ ချွေးနံမနံပါစေနဲ့。အမွှေးနံ့သာအနည်းငယ်လောက်လိမ်းချယ်နိုင်ရင်ပိုမိုကောင်းမွန်ပါတယ်。ဘာကြောင့်လဲဆိုတော့ဂုဏ်တော်တွေရဲ့အစွမ်းကြောင့်နတ်ဗြဟ္မာတွေကိုဆင့်ခေါ်နိုင်သလိုပါပဲ。 သာမာန်လူသားပုဂ္ဂိုလ်တွေနဲ့ဆုံတွေ့တဲ့အခါသေသေသပ်သပ်မရှိတဲ့သူကိုနှစ်သက်မှုမရှိနိုင်သလိုစွမ်းအားမြင့်နတ်တွေအနေနဲ့ဆိုဘယ်လိုနေမလဲတွေးကြည့်ပေါ့ဗျာဒါကြောင့်မိမိရဲ့တစ်ကိုယ်ရေသန့်ရှင်းစင်ကြယ်မှုကအလွန်အရေးကြီးပါတယ်。 […]
続きを読む