ယဉ်မောင်းသူတိုင်း သိသင့်တဲ့ ဒိုင်ခွက် က ခရီးမိုင် တွက်နည်း

များသောအားဖြင့် တစ်ချို့လူတွေက ကား နဲ့ ဆိုင်ကယ်မှာပါတဲ့ ဒိုင်ခွက်ကို ကား (သို့) ဆိုင်ကယ် မောင်းနှင်းထားခြင်း မိုင်ကို ဖော်ပြတယ်လို့ ထင်မှတ်မှားလေ့ရှိပါတယ်။အမှန်တကယ်ကတော ကား (သို့) ဆိုင်ကယ်မှာ ပါတဲ့ ဒိုင်ခွက်က မိုင်ကို ပြတာမဟုတ်ပါဘူး။ ကီလိုမီတာကို ဖော်ပြတာ ဖြစ်ပါတယ်။သင်က ကား (သို့) ဆိုင်ကယ် မောင်းနှင်းသူဆိုရင် ရံဖန်ရံခါ ဒိုင်ခွက်ကိုကြည့် ခရီးကို တွက်ရတတ်ပါတယ်။ ဒါကြောင့် ဒိုင်ခွက်ကို ကြည့် ကီလိုမီတာ ကနေ မိုင်ကို တွက်နည်းကို ဖော်ပြပေးလိုက်ပါတယ်။ ဒီတော့ ယာဉ်မောင်းနေရင်း တစ်နာရီဘယ်နှစ်မိုင်နှုန်းနဲ့ မောင်းနေသလဲသိရဖို့ အလွယ်ဆုံး စိတ်တွက်တွက်လို့ရတဲ့ တွက်နည်းလေး ပြောပြပါရစေ။ကား (သို့) ဆိုင်ကယ်ရဲ့ ဒိုင်ခွက်ပေါ်ရှိ ကီလိုမီတာကို (၀.၆) နဲ့ မြောက်ပြီး မိုင်ကို […]

Continue Reading

အိမ်ရှင်မများ သိသင့်တဲ့ ဒီဂျစ်တယ် မီးဖို ခနခနပျက်တဲ့ အကြောင်းအရင်းများ

အိမ်ရှင်မ အိမ်ရှင်ထီးတို့အတွက် အသုံးတည့်မယ်လို့ ယုံကြည်လို့ ဒီဂျစ်တယ်မီးဖို အသုံးပြုရာမှာ အန္တရာယ်ကင်းကင်းနဲ့ ကြာရှည်ခံအောင်အသုံးပြုနိုင်ဖို့ ဗဟုသုတအနေနဲ့ မျှဝေဖော်ပြပေးလိုက်ပါတယ်။ (၁) ဒီဂျစ်တယ်မီးဖို တော်တော်များများ က 2000 W, 2200 W ရှိလို့ (လုံးဝ) Extension ကြိုးခွေများနဲ့ မသုံးသင့်ပါဘူး။ (၂) တော်တော်များများက “on/off” နှိပ်ပြီးရင် တန်းပြီး လာပေမယ့် တစ်ချို့ အလုံးတွေက “ON” နှိပ်ပြီးတဲ့အပြင် “stand by” သို့မဟုတ် “Function” ခလုတ် တစ်ခုခုကိုပါ နှိပ်ဖို့လိုပါတယ်။ထွေထွေထူးထူး မဟုတ်ပေမယ့် ဆိုင်က သေချာ ရှင်းပြလိုက်ရင်တောင် အိမ်ရောက်မှ ပြန်လာတာမျိုး ဖုန်းဆက်မေးတာမျိုး ဖြစ်ဖူးလို့ပါ။ (၃) ဒီဂျစ်တယ်မီးဖို တိုင်းမှာ “Function” တွေအစုံ ပြထား ရေးထားပေမယ့် […]

Continue Reading

သောကြာသားသမီးလေးတွေရဲ့ သူမတူတဲ့ မွေးရာပါအားသာချက်တွေနဲ့ ပင်ကိုယ်စရိုက် (၁၀) မျိုး”

“သောကြာသားသမီးလေးတွေရဲ့ သူမတူတဲ့ မွေးရာပါအားသာချက်တွေနဲ့ ပင်ကိုယ်စရိုက် (၁၀) မျိုး” ရက်သတ္တပတ်တစ်ခုရဲ့ ငါးရက်မြောက်နေ့မှာ မွေးဖွားတဲ့ သောကြာသားသမီးလေးတွေဟာ ဗီးနပ်စ်ဂြိုလ်ရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေတာဖြစ်ပါတယ်။ သောကြာသားသမီးလေးတွေမှာ သူများနဲ့မတူတဲ့ အားသာချက်နဲ့ ကိုယ်ရည်ကိုယ်သွေးတွေ အများကြီးရှိပါတယ်။ ဒီအားသာချက်တွေကိုသာ ကောင်းမွန်စွာ အသုံးချနိုင်ရင်တော့ အောင်မြင်တဲ့သူတွေဖြစ်လာမှာ မလွဲဧကန်ပါပဲ (၁) သောကြာသားသမီးလေးတွေဟာ ငြိမ်းချမ်းခြင်း၊ လှပခြင်း၊ အချစ်နဲ့ သာယာခြင်းတွေကို ကိုယ်စားပြုကြပါတယ် (၂) သောကြာသားသမီးလေးတွေဟာ အဆို၊ ပန်းချီလိုမျိုး အနုပညာအလုပ်တွေကို အထူးခုံမင်နှစ်သက်သလို ထူးကဲတဲ့ပါရမီလည်း ပါလာတတ်သူတွေဖြစ်ပါတယ် (၃) သင်ဟာ ပျော်ပျော်နေတတ်သူတစ်ယောက် ဖြစ်တဲ့အပြင် ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းတတ်သူပါ ဒါပေမယ့် အချစ်ရေးမှာတော့ အရမ်းကိုထိရှလွယ်တဲ့သူတစ်ယောက်ပါ (၄) သောကြာသားသမီးလေးတွေဟာ စိတ်ခံစားချက်ပြင်းထန်တဲ့သူတွေဖြစ်တဲ့အလျောက် အသည်းကွဲတဲ့အခါ ဒါမှမဟုတ် တစ်စုံတစ်ယောက်က ကိုယ့်ကို နာကျင်မှုတွေ […]

Continue Reading

ကွမ်းရောင်းပြီး တိုက်နဲ့ကားစီးလိုသူများအတွက် စီးပွားဖြစ် ကွမ်းဖော်စပ်နည်း

ကွမ်းရောင်းပြီး တိုက်နဲ့ကားစီးလိုသူများအတွက် စီးပွားဖြစ် ကွမ်းဖော်စပ်နည်း မြန်မာနိုင်ငံမှာ ကွမ်းဆိုင်တွေဟာ အရောင်းရဆုံးစာရင်းဝင်ပါတယ်။ ဒါကြောင့် ကိုယ့်ဆိုင်က ကွမ်းကောင်းရင် တိုက်နဲ့ ကားပါ ဝယ်စီးနိုင်ကြတဲ့အထိပါပဲ။ ဘယ်လိုကောင်းအောင်ရောင်းမလဲဆိုတာကို ဆရာစားမချန်ပေးပါမည်။ ကွမ်း ကွမ်းဝယ်ရာတွင် စီးပွားရေးအမြင်အရ ကွမ်းရွက်သေးသေးကိုသာ ဝယ်ရမည်။အရွက်သေးပါက ပိဿာလိုက် ဝယ်ယူရာတွင် ရွက်ရေများများပိုရသဖြင့် ကွမ်းယာ အထွက်ပိုခြင်းကြောင့်ဖြစ်သည်။ ကွမ်းရွက်ကို အရင်း(အရိုး)ဘက်နှင့်အဖျားဘက်ကို ညှပ်ထားရသည်။ ကွမ်းရွက်ကိုရေဆေးပြီး ဒိန်ချဉ်နှင့်စိမ်ကာ ကွမ်းဘန်းထဲတွင် ညီညီညာညာ မျှတ လှပအောင် စိမ်ထားနှပ်ထားပါက မိမိဆိုင်မှ ကွမ်းယာကိုစားလိုက်သည်နှင့်နုနုညံ့ညံ့ အရသာကို ရရှိစေပြီး စားသုံးသူများ အကြိုက်တွေ့စေမည် ဖြစ်ပါသည်။ ထုံး ထုံးစပ်နည်းအလွယ်နည်း။။ ကွမ်းယာ ပစ္စည်းဆိုင်မှ အသင့်ဖောက်ထားသော ထုံးဗူး (ရေသန့်ဗူးနှင့်) ထည့်ထားသော ထုံးဗူး သိုမဟုတ် အထုတ်ကိုဝယ်ပါ။ အုန်းနို့(စတိုးဆိုင်မှာ အသင့်သုံးရှိ) […]

Continue Reading

ယောကျာ်းတစ်ယောက်ကို အောင်မြင်အောင် ပံ့ပိုးပေးနိုင်တဲ့ မိန်းမ ( ၁၀) မျိုး

ယောကျာ်းတစ်ယောက် အလုပ်ကိုင်အောင်မြင်ဖို့ဆိုတာ ငယ်ရွယ်စဉ်က သူတို့ရဲ့မိခင်၊ ဖခင်တွေက အဓိကပံ့ပိုးမှုတွေ ပေးခဲ့ရတာပါ။ ဒါပေမဲ့အိမ်ထောင်ရက်သားကျလာတဲ့အခါ ကိုယ့်ရဲ့လက်တွဲဖေါ်ရဲ့ ပံ့ပိုးမှုဟာ ပိုပြီးအဓိကကျသွားပါပြီ။ ပံ့ပိုးတယ်ဆိုတဲ့အရာဟာ ငွေကြေးပိုင်းရယ်မှာ မဟုတ်ပါဘူး ကျန်တဲ့အချက်တွေနဲ့လည်း အများကြီးဆက်နွယ်နေပါသေးတယ်။ မိန်းမတစ်ယောက်ဟာ ယောကျာ်းတစ်ယောက်ကို အအောင်မြင်ဆုံးနေရာကို တွန်းပို့နိုင်သလို အနိမ့်ကျဆုံးဖြစ်အောင်လည်း ဆွဲချတတ်ပါသေးတယ်။ ဒီတော့ မိန်းမတစ်ယောက်ရဲ့ နေရာက ဘယ်လောက်တောင် အဓိကကျတတ်သလဲဆိုတာနဲ့ ဘယ်လိုအချက်လေးတွေ ပိုင်ဆိုင်ထားရမလဲဆိုတာကို ကြည့်လိုက်ကြရအောင်။ ၁။ သဘောထားကြီးပြီး လူအကဲခတ်တော်တဲ့မိန်းမ သူမဟာ အင်မတန်မှ ပါးနပ်တတ်ပြီး သင်ရဲ့မျက်တတောင်တခတ်တွင်းမှာ သင်ဘာဖြစ်နေလဲဆိုတာကို အကဲခတ်ခန့်မှန်းသိရှိနိုင်ပြီး သင်ပျော်နေချိန်မှာ သင်နဲ့အတူပျော်ရွှင်မှုတွေကို အတူခံစားပေးတတ်ပါတယ်။ သင်မျက်မှောင်တစ်ချက်ကုတ်လိုက်လို့ ဘယ်လောက်ပဲ သင်ကပျော်ရွှင်ချင်ယောင် ဆောင်ပြဆောင်ပြ သင့်ရဲ့ဒုက္ခတွေ အခက်ခဲတွေကို ဝေမျှပြီး ခံစားနားလည် ဖြေရှင်းပေးတတ်ပါတယ်။ ၂။ ဂုဏ်သတင်းကျော်ဇော်မွှေးပျံ့တဲ့မိန်းမ သူမဟာ ဘယ်လောက်ပဲ […]

Continue Reading

သနပ်ခါးကြိုက်တဲ့ မိန်းခလေးတွေ သိထားသင့်တဲ့ ဗဟုသုတလေးပါ

သနပ်ခါးကြိုက်တဲ့ မိန်းခလေးတွေ သိထားသင့်တဲ့ ဗဟုသုတလေးပါ မေမေ ပြောပြတဲ့ ပျိုမေ တို့အကြိုက် သနပ်ခါး ကျောက်ပျဉ် သနပ်ခါး ကျောက်ပြင် အသစ်ဆိုရေလေးဆေးလိုက်ပြီး သနပ်ခါး တုံးသွေးထည့်လိုက်တာပဲအဲသလိုလုပ်လို့မရပါဘူး ကျောက်သား အစစ်ကိုထွင်းထားတဲ့ ကျောက်ပျဉ် ဖြစ်ဖြစ် ဘိလပ်မြေ လိုမျိုးကိုပုံပြု့ထားတဲ့ကျောက်ပျဉ်ဖြစ်ဖြစ် ပထမဦးဆုံးအသုံးမပြု့ခင်မှာဝယ်လာတဲ့ကျောက်ပျဉ် ကိုရေစင်စင်ဆေးပြီး ကျောက်ပျဉ် ကိုရေပုန်းထဲကိုထည့်ပြီးရေနဲ့တစ်ညစိမ်ထားပါနောက်တစ်ရက်မှာနနွန်းတက်နဲ့ ဆီ+ဆားနဲ့ကိုသွေးပြီးတစ်နေကုန်နေလှမ်းထားရပါတယ် ဆီခြောက်တော့မှသနပ်ခါးကျောက်ပျဉ်ကိုရေထပ်ဆေးပြီးမှ မိမိကြိုက်နှစ်သက်ရာ သနပ်ခါးတုံး ကိုသွေးရပါတယ် ထွက်လာတဲ့ သနပ်ခါး ကလေးတွေကညက်နေပြီးတနေကုန်ပါးပြင်ပေါ် အရာထင်နေပါတယ်တဲ့ကဲ ကျောက်ပျဉ်အ သစ်ကိုဘယ်လိုအသုံးပြု့ရသလဲဆိုတာသိသွားပြီပေါ့ မေမေပြောပြတယ် ကျောက်ပျဉ် ပေါ်သနပ်ခါး သွေးတာ လေ့ကျင့်ခန်း တစ်ခုလုပ်တာနဲ့တူတူပဲတဲ့ ဒါပေမဲ့ကြမ်းပြင်ပေါ်ချသွေးရတာမဟုတ်ပဲမိမိခါးအလည်လောက်အမြင့်ရှိတဲ့နေရာမှာထားပြီးသွေးရမယ်တဲ့ သနပ်ခါး ကိုအားစိုက်သွေးနေရတော့လေ့ကျင့်ခန်းလုပ်နေတယ်လို့မထင်ရပေမယ့် နှစ်နဲ့ချီပြီးနေ့စဉ်သွေးနေရတော့လက်မောင်းကြွက်သွားတွေကပိုပြီးသန်မာတယ် ပျော့ပြီးရွဲကျခြင်းမျိုးမဖြစ်ဘူးတဲ့ဘယ်ညာတော့လှည့်သွေးပေါ့တဲ့ ငရုပ်သီးထောင်း တာလဲအတူတူပဲတဲ့ခေါင်းလေ့ကျင့်ခန်းကတော့ ရေအိုး ရွက်တာပါတဲ့ မေမေ အမေ(အဖွား)ပြောပြတာလို့ပြောတယ် မိုးမခ

Continue Reading

မိမိတို့ နေအိမ်ကို လာဘ်ပိတ်စေတတ်သော အချက်များ ဖတ်ထားသင့်တယ်နော်

၁။ မီးဖို အား စလောင်းဖုံးအုပ်ခြင်း ၂။ အိမ် ထောင်ဦးစီး လင်ယောင်္ကျားအား နိမ့်ကျသော နေရာတွင်ထားခြင်း ၃။ မိမိ ဇနီးသည်အား ညာဘက်တွင် အိပ်စေခြင်း ၄။ စားသောက်သော အိုးခွက်ပန်းကန်များအား လွှင့်ပြစ်ခြင်း ၅။ ထမင်း ဟင်း ချက်ရင်း သီချင်း ဆိုခြင်း ၆။ နေဝင်ခါစ အချိန်တွင် အိပ်စက်ခြင်း ၇။ နေဝင် မိုးချုပ် လေချွန်ခြင်း ၈။ နေမထွက်ခင် ကြွေးပေး ကြွေးယူ ကြွေတောင်း ခံရခြင်း ၉။ နေဝင် နေထွက်ချိန် သန်းရှာခြင်း ၁၀။ နေဝင် နေထွက်ချိန် ကလေးများအား ရိုက်ခြင်း ၁၁။ နေမွန်းတည့်ချိန် တိရိစ္ဆာန်များ အား သတ်ဖြတ်ခြင်း ၁၂။ နေဝင် […]

Continue Reading

အိပ်ချင်နေတဲ့ တက္ကစီဒရိုင်ဘာအဘကို ပေးအိပ်ပြီး သူကိုယ်တိုင် ကားမောင်ပေးတဲ့ ခရီးသည်မလေး

ဖီလစ်ပိုင်မှာ Christina Tan လို့ အမည်ရတဲ့ အမျိုးသမီးတစ်ဦးဟာ တက္ကစီတစ်စီးကို ငှားစီးခဲ့ပါတယ်။ သူငှားစီးတဲ့ တက္ကစီဒရိုင်ဘာဦးလေးကြီးဟာ အသက် ၇၀ အရွယ် အဘတစ်ယောက်ဖြစ်ပါတယ်။ အဆိုပါ အဘဟာ သူအရမ်းအိပ်ချင်နေတယ်လို့ ကားမောင်းဖို့အတွက်အဆင်မပြေကြောင်းပြောတဲ့အခါ ခရီးသည်အမျိုးသမီးက သူသွားချင်တဲ့နေရာကို သူကိုယ်တိုင်ဘဲ ကားကို မောင်းပြီး တက္ကစီသမားအဘကို ကားနောက်ခန်းမှာ အိပ်ခိုင်းလိုက်ပါတယ်။ ခရီးရောက်တဲ့အခါမှာတော့ တက္ကစီးမောင်းတဲ့ အဘကို ကျသင့်တဲ့ငွေကို ပေးပြီး အသက်ကို မေးလိုက်ပါတယ်။အသက် ၇၀ရှိပြီဆိုတာ သိတဲ့အခါ ကားကို အနားယူပြီးမှ ဆက်မောင်းဖို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အဘဟာ owner ကြေးပေးရတာနဲ့ မိသားစုကို စားဖို့နေရေးအတွက်ရယ် အဆင်မပြေမှာဆိုးတယ်လို့ ပြောခဲ့ပါတယ်။ Christina ရဲ့ အဆိုအရ တက္ကစီသမားအဖိုးဟာ အရမ်းကို ပင်ပန်းနေတဲ့ပုံပေါက်ပြီး အရမ်းလည်း အိပ်ချင်နေပါတယ်။ […]

Continue Reading

တစ်​ပတ်​​တွင်​း ​ခေါက်​ဆွဲ​ခြောက်​ ၂ထုပ်​ပိုစားရင်​ ဘာဖြစ်​နိုင်​လဲ

တစ်​ပတ်​​တွင်​း ​ခေါက်​ဆွဲ​ခြောက်​ ၂ထုပ်​ပိုစားရင်​ ဘာဖြစ်​နိုင်​လဲ တစ်ပတ် ကို ခေါက်ဆွဲခြောက် ၂ ထုပ်နှင့် ၂ ထုပ် ထက်ပို စားသောက်ခြင်း ဟာ ရေရှည်မှာ နှလုံး ကျန်းမာရေး ကို ထိခိုက်စေကြောင်း အမေရိကန် မှ လေ့လာသူများက ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ခေါက်ဆွဲခြောက် ဖြစ်ရန် ပြုလုပ်တဲ့ ဓာတုဗေဒ၊ ထုတ်ပိုးတဲ့အခါ တာရှည်ခံစေရန် ထည့်သွင်းထားတဲ့ ဓာတုဗေဒ ပစ္စည်းများဟာ လူတို့ စားသုံးတဲ့အခါ ကျန်းမာရေး ထိခိုက်စေတဲ့ အချက်ကို လေ့လာ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ တစ်ပတ်ကို တစ်ထပ်လေက် စားတာက မသိသာပေမယ့် ယင်းထပ် ပိုရင်တော့ ဒါဟာ ကျန်းမာရေး အတွက မကောင်းတော့ ပါဘူး။ အထူးသဖြင့်အမေရိကန်မှာ ဆိုရင် ခေါက်ဆွဲခြောက်ကြောင့် […]

Continue Reading

လာဘ်ကောင်းစေဖို့အတွက် ပိုက်ဆံအိတ်ကိုမှန်ကန်စွာအသုံးပြုနည်း

ပိုက်ဆံအိတ် အနက်ရောင်၊ အညိုရောင်နဲ့ အစိမ်းရောင်တို့က လာဘ်ပွင့်စေပြီး အပြာရောင်ကို ရှောင်သင့်ပါတယ်။လာဘ်ကောင်းစေဖို့အတွက် ပိုက်ဆံအိတ်ကိုနည်းလမ်းမှန်ကန်စွာအသုံးပြုနည်း သင့်ရဲ့ငွေကြေးကံကောင်းမကောင်းဟာ သင့်ပိုက်ဆံအိတ်ကိုဘယ်လိုအသုံးပြုလဲဆိုတဲ့အပေါ်မှာ မူတည်နေတယ်ဆိုရင် ယုံနိုင်မလား။ တချို့ကိစ္စတွေဟာ ယုံဖို့ခက်ပေမယ့် တကယ်တမ်းမှာ အကျိူးသက်ရောက်မှုရှိနေတတ်တာကိုတော့ ငြင်းလို့မရပါဘူး။ ဒီတော့ ငွေကြေးကံကောင်းဖို့ သင့်ပိုက်ဆံအိတ်ကိုအသုံးပြုတဲ့အခါ မလုပ်သင့်တဲ့အချက်နဲ့လုပ်သင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ဘောက်ချာအတိုအစတွေပိုက်ဆံအိတ်ထဲမထည့်ထားပါနဲ့ဈေးဝယ်ပြီးနောက်ရလာတဲ့ဘောက်ချာတွေ၊ ဖြတ်ပိုင်းအတိုအစတွေ၊ စာရွက်ခေါက်တွေကို ပိုက်ဆံအိတ်ထဲထည့်သိမ်းထားတာမျိုးက လာဘ်တိတ်စေပါတယ်။ ဒါကြောင့် အဲ့ဒါတွေကို ပိုက်ဆံအိတ်ထဲထည့်မထားမိဖို့ သတိပြုပါ။ သေချာရှင်းလင်းပါ။ (၂) ပိုက်ဆံတွေကိုစနစ်တကျစီထည့်ပါပိုက်ဆံအိတ်ထဲပိုက်ဆံတွေထည့်တဲ့အခါ လုံးထွေးပြီးထည့်ထားတာမျိုး၊ တွန့်ကြေနေတာမျိုးတွေမဖြစ်စေပါနဲ့။ ပိုက်ဆံတွေကို ပြန့်နေအောင်ထားပြီး အစဉ်တကျထည့်ပါ။ ကိုယ်သုံးတဲ့ပိုက်ဆံကိုလည်းလေးစားမှုရှိဖို့လိုပါတယ်။ ဒါမှ ကိုယ့်လက်ထဲမှာ ငွေမြဲပါလိမ့်မယ်။ (၃) ပိုက်ဆံအိတ်ကိုကြမ်းပြင်ပေါ်မှာပစ်ထားတာမျိုးမလုပ်ပါနဲ့ပိုက်ဆံအိတ်ကိုကြမ်းပြင်ပေါ်မှာပစ်ချထားတာမျိုး၊ တွေ့တဲ့နေရာမှာတင်ထားတာမျိုးတွေမလုပ်သင့်ပါဘူး။ ပိုက်ဆံအိတ်ထားဖို့ နေရာလေးတစ်ခုသတ်သတ်မှတ်မှတ်ရှိသင့်ပြီး စနစ်တကျထားသင့်ပါတယ်။ (၄) ပိုက်ဆံအိတ်အတွက်ရွေးသင့်တဲ့အရောင်များပိုက်ဆံအိတ်ရဲ့အရောင်ကလည်း လာဘ်ပွင့်ခြင်း၊ လာဘ်တိတ်ခြင်းကိုဖြစ်စေပါတယ်။ပိုက်ဆံအိတ် အနက်ရောင်၊ […]

Continue Reading

စိတ်ဆတ်တဲ့ A သွေးလေးတွေရဲ့ လူတွေမသိတဲ့ အတွင်းစိတ်များ

A သွေးလေးတွေဟာ သွေးအမျိုးအစားတွေထဲမှာ အလျှို့ဝှက်ဆုံးသွေးအမျိုးအစား ဖြစ်ပါတယ်..။ အပြင်ပန်းမာကြောတယ်လို့ထင်ရပေမယ့် တကယ်တမ်းအတွင်းစိတ်အရမ်း နူးညံ့တဲ့ A သွေးလေးတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်..။ (၁) အေသွေးလေးတွေဟာ အရမ်းကိုပွင့်လင်းတဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် မသိတဲ့သူတွေက သူတို့ကို ဒေါသကြီးပြီး..။ အပေါက်ဆိုးတယ်လို့ ထင်တတ်ကြပါတယ်။ အမှန်ကတော့ ပွင့်လင်းလို့ဖြစ်ပါတယ်..။ (၂) အေသွေးလေးတွေဟာ လူကြားထဲမှာ ထင်ပေါ်ချင်တဲ့သူတွေ မဟုတ်ပါဘူး..။ တစ်ယောက်တည်း အေးအေးဆေးဆေးနေရတာကို သဘောကျတဲ့သူတွေပါ..။ (၃) အေသွေးလေးတွေဟာ လွတ်လပ်မှုကို အရမ်း တန်ဖိုးထားတဲ့သူတွေဖြစ်ပါတယ်..။ လွတ်လွတ်လပ်လပ်နေ၊ လွတ်လွတ်လပ်လပ်ပြောဆိုချင်တဲ့သူတွေဖြစ်ပါတယ်..။ (၄) အေသွေးလေးတွေဟာ စိတ်မထင်ရင် မထင်သလိုလုပ်တတ်တဲ့သူတွေဖြစ်တာကြောင့်..၊ စိတ်ထားမကောင်းဘူးလို့ အထင်ခံရတတ်ပေမယ့်တကယ်တမ်းကတော့ စိတ်ကောင်းအရမ်းရှိတဲ့သူတွေပါ..။ (၅) အေသွေးလေးတွေဟာ အရမ်းလျှို့ဝှက်ပါတယ်။ ခံစားချက်တွေကို ထုတ်ပြတတ်တဲ့သူတွေမဟုတ်ပါဘူး..။ ဒါကြောင့် တစ်ခါတလေကျရင် သူတို့ရဲ့ ခံစားချက်ကိုနားလည်ဖို့ ခက်ပါတယ်..။ (၆) […]

Continue Reading

သင့်ရဲ့ ချက်ပုံစံက ပြောပြနေတဲ့ သင့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်များ

သင့်ရဲ့ ချက်ပုံစံက ပြောပြနေတဲ့ သင့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ လူတွေ ဟာတစ်ယောက် နဲ့ တစ်ယောက် မတူညီကြသလိုပဲ ချက်ပုံစံတွေလည်း အမျိုးမျိုး ကွဲပြားကြ ပါ တယ်။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အစိတ် အပိုင်း တွေကနေ တဆင့် သူ့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို သိရှိနိုင်ပြီး ထိုအစိတ်အပိုင်းတွေထဲမှာ ချက်လည်းပါဝင်ပါတယ်။ ၁။ Protruding navel (ချက်ပြူး) ယခုလိုချက် အပြင်ကိုပြူးထွက်နေတဲ့ ချက်ပုံစံကို ပိုင်ဆိုင်ထား သူတွေဟာ အလွန်ခေါင်းမာတဲ့ သဘောထားရှိ သူတွေ ဖြစ်ကြပြီး စိတ်ဓါတ်လည်း အလွန်ကြံ့ခိုင်ကြပါတယ်။ အချစ်ရေးနဲ့ ပတ်သတ်ပြီး အာရုံစိုက်ခံရဖို့ အတွက် ရှာဖွေနေတတ်ပြီး အချစ်ရဲ့စွမ်းအားကို အမွှန်းတင်ဖို့ အသင့်ရှိနေသူတွေပါ။ ဒါပေမယ့် လက်တွဲဖော် အစစ်အမှန်ကို ရှာဖွေဖို့အ […]

Continue Reading