WiFi လိုင်းကို နှောင့်နှေးစေတဲ့ အိမ်သုံးပစ္စည်း (၈) မျိုး

Knowledge
Spread the love

WiFi လိုင်းကို နှောင့်နှေးစေတဲ့ အိမ်သုံးပစ္စည်း (၈) မျိုး

အင်တာနက်လိုင်း ကောင်းတဲ့အခါ ပျော်တဲ့ အပျော်က တခြားအပျော်တွေနဲ့ မတူပါဘူး။ အင်တာနက်လိုင်း မကောင်းရင်လည်း တော်တော် စိတ်အနှောင့်အယှက် ဖြစ်ပါတယ်။ WiFi လိုင်း မကောင်းတာက တစ်ခါတလေ operator နဲ့ သက်ဆိုင်သလို တစ်ခါတလေ ကျတော့လည်း အိမ်သုံး ပစ္စည်းတွေ နဲ့ သက်ဆိုင်နေ ပါတယ်။

၁။ သတ္တုမျက်နှာပြင်နှင့် သတ္တုနှင့် ပြုလုပ်ထားသော ပစ္စည်းများ

သတ္ထုတွေက လျှပ်ကူးပစ္စည်းဖြစ်ပြီး လျှပ်စစ်ဓာတ်ကို စုပ်ယူပါတယ်။ WiFi က လျှပ်စစ်သံလိုက် လှိုင်းကို ထုတ်လွှတ်တဲ့ အတွက် သတ္ထုမျက်နှာပြင် ဒါမှမဟုတ် သတ္ထုပစ္စည်းနဲ့ ပြုလုပ်ထားတဲ့ ပရိဘောဂပစ္စည်းတွေက လျှပ်စစ်သံလိုက်လှိုင်းတွေကို ဟန့်တားနေမှာပါ။ အဲဒါကြောင့် WiFi စက်ကို သတ္ထုပစ္စည်းတွေနဲ့ ဝေးရာမှာ ထားသင့် ပါတယ်။

၂။ အုတ်နံရံ၊ ကျောက်နံရံ

တချို့နံရံ အမျိုးအစားတွေက WiFi ကို လိုင်းမကောင်းစေ ပါဘူး။ စကျင်ကျောက်၊ ဘိလပ်မြေ၊ ကွန်ကရစ်၊ အင်္ဂတေနဲ့ အုတ်တွေက WiFi လိုင်းကို ပြတ်တောင်းပြတ်တောင်း ဖြစ်စေပါတယ်။ နှစ်ထပ်အိမ်တွေမှာ ဆိုရင် တစ်ထပ်က လိုင်းမကောင်းတတ် ပါဘူး။ အဲဒါကြောင့် WiFi စက်ကို နံရံတွေနဲ့ ဝေးရာမှာ ထားသင့် ပါတယ်။

၃။ မှန်

မှန်က ပုံရိပ်တွေကို ထင်ဟပ်စေသလို WiFi ရဲ့ လျှပ်စစ်လှိုင်းတွေ ကိုလည်း ပြန်လည် ထင်ဟပ်စေပါတယ်။ မှန်က WiFi အတွက် ဒိုင်းလိုဖြစ်နေပြီး အင်တာနက်လိုင်းကို ပြန်လှည့် သွားစေပါတယ်။ မှန်နားမှာ WiFi စက်ကို ထားရင် အင်တာနက်လိုင်း မငြိမ်မသက် ဖြစ်နေမှာပါ။

၄။ ရေခဲသေတ္တာနှင့် အဝတ်လျှော်စက်

ရေက ကြိုးမဲ့ လှိုင်းတွေဆီက အချို့စွမ်းအင်တွေကို စုပ်ယူတာကြောင့် အင်တာနက်လိုင်းရဲ့ အရည်အသွေးကို ဆိုးဆိုးဝါးဝါး ထိခိုက်စေပါတယ်။

၅။ ခရစ်စမတ် မီးသီး

အရောင်စုံတဲ့ ခရစ်စမတ် မီးသီးတွေက WiFi လိုင်းကို အားနည်းစေ ပါတယ်။ ခရစ်စမတ် မီးသီးတွေမှာပါဝင်တဲ့ chip တွေက WiFi ရဲ့ လျှပ်စစ်လှိုင်းတွေပေါ်မှာ သက်ရောက်မှု ရှိပါတယ်။ ဒီဇင်ဘာလရောက်ရင် WiFi စက်ကို ခရစ်စမတ်သစ်ပင်နဲ့ ဝေးဝေးမှာ ထားသင့်ပါတယ်။

၆။ ကွန်ပြူတာမော်နီတာ

ကွန်ပြူတမော်နီတာက 2.4 GHz ကို ထုတ်လွှတ်ပြီး WiFi ကလည်း 2.4 GHz ကို ထုတ်လွှတ် ပါတယ်။ စက်နှစ်လုံးက တူညီတဲ့ လှိုင်းတွေကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်တဲ့ အခါ data တွေ ပို့ဖို့အတွက် လျှပ်စစ်လှိုင်း အစား လေလှိုင်းကိုပဲ သုံးပါတယ်။ ကွန်ပြူတာက အင်တာနက်လိုင်းကို လိုအပ်ပေမယ့် WiFI ကို ကွန်ပြူတာနဲ့ အရမ်းနီးအောင် မထားသင့် ပါဘူး။

၇။ Drone

Drone တွေကလည်း 2.4 GHz ကို ထုတ်လွှတ်ပါတယ်။ ဒါပေမယ့် model တစ်ခုနဲ့ တစ်ခုတော့ ထုတ်လွှတ်တဲ့ လှိုင်းချင်း မတူနိုင်ပါဘူး။ အနီးအနားမှာ drone လွှတ်နေရင်လည်း WiFi လိုင်းကောင်းမှာ မဟုတ်ပါဘူး။

၈။ Microwave မီးဖို

WiFI စက်က microwave မီးဖိုနားမှာ ရှိရင် WiFi စက်ကို Microwave မီးဖိုထက် မြင့်တဲ့ တစ်နေရာကို ရွှေ့ထားလိုက်ပါ။